BBC navigation

ပုပ်ရဟန်းမင်းသစ်ရဲ့ ပထမဆုံး တနင်္ဂနွေဆုတောင်းပွဲ

နောက်ဆုံး ရေးသားချိန် 17 မတ်လ 2013 - 16:54 GMT

စာကို ဖတ်ကြား ဟောပြာတဲ့ ထုံစံ အတိုင်း မလုပ်ပဲ ဒီအတိုင်း အလွတ် ဟောကြား သွားခဲ့

ပုပ်ရဟန်မင်းကြီးသစ် ဖရန်စစ်ရဲ့ ပထမဆုံး တနင်္ဂနွေ ဆုတောင်းပွဲကို ရောမမြို့ စိန့်ပီတာ ရင်ပြင်မှာ ကျင်းပ ပြုလုပ်ရာ သောင်းနဲ့ ချီတဲ့ လူထု ပရိသတ်တွေ တက်ရောက် ခဲ့ပြီး ပုပ် ဖရန်စစ်ရဲ့ တရားတော်နဲ့ ကောင်းချီး ပေးတာ တွေကို နားယူ ခဲ့ကြပါတယ်။

ပုပ်ရဟန်းမင်ကြီးက စာရွက်မှာ ရေးသား ထားတဲ့ စာကို ဖတ်ကြား ဟောပြာတဲ့ ထုံစံ အတိုင်း မလုပ်ပဲ ဒီအတိုင်း အလွတ် ဟောကြား သွားခဲ့ ရာမှာ ဘရား သခင်ရဲ့ ခွင့်လွတ် သနား တော်မူတဲ့ စွမ်းအား တွေအကြောင်း ပြောကြားသွား ခဲ့ပါတယ်။

တက်ရောက် လာတဲ့ လူထု ပရိသတ်ကြီးရဲ့ ဝမ်းမြောက် ရွှင်သာတဲ့ အသံတွေ ဟာလည်း ထွက်ပေါ် လာခဲ့ ပါတယ်။

ပုပ် ဖရန်စစ်ဟာ ပိုမို ရိုစင်းတဲ့ ဝတ်ပြု ဆုတောင်းတဲ့ ပုံစံ မျိုးနဲ့ တရားဟော ရာမှာလည်း ပိုပြီးတော့ တိုက်ရိုက် ပြောဆိုတဲ့ ပုံမျိုး ဖြစ်လာ ဖို့ကို ဆန္ဒရှိ နေတယ်လို့ ဘီဘီစီ သတင်းထောက် ပြောပါတယ်။

စနေနေ့ ကလည်း ကက်သလစ် အသင်းတော်ကြီးဟာ ဆင်းရဲ နွမ်းပါးသူတွေ အတွက် ဆောင်ရွက် ပေးတဲ့ အသင်းတော်ကြီး ဖြစ်တယ် ဆိုတာကို မမေ့ လျော့သင့် ကြောင်း ပြောကြား သွားခဲ့ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။