BBC navigation

ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြမှု ထပ်ဖြစ်

နောက်ဆုံး ရေးသားချိန် 18 မတ်လ 2013 - 00:24 GMT

ဒက္ကား မြို့က ဆန္ဒပြမှုတွေ

ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြို့တော် ဒက္ကားမှာ ဆန္ဒပြသမားတွေ ကားတော်တော် များများကို မီးရှို့ခဲ့ကြပါတယ်။

အတိုက်အခံ နိုင်ငံရေးပါတီက ပန်ကြားထားတဲ့ နှစ်ရက်ကြာ အထွေထွေ သပိတ်မှောက်မှုတွေ မတိုင်ခင် အခုလို မီးရှို့ ဆန္ဒပြခဲ့ ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဆန္ဒပြမှု အတွင်း သူတို့ပါတီက ခေါင်းဆောင်တွေနဲ့ တက်ကြွ လှုပ်ရှားသူ တော်တော်များများ အဖမ်းခံ ခဲ့ရတဲ့ အတွက် ဘင်္ဂလားဒေ့ရှ် အမျိုးသား ပါတီက အခုလို သပိတ်မှောက်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာပါလီမန် ရွေးကောက်ပွဲတွေကို ဘက်မလိုက်တဲ့ အိမ်စောင့် အစိုးရ ကနေ ကြီးကြပ်ကွပ်ကဲတဲ့ စံနစ်တခု ကျင့်သုံးဖို့ အစိုးရကို ဘီအန်ပီ ပါတီက တောင်းဆို နေတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံရေး အရ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့ အခြေအနေကြောင့် အခုလပိုင်းတွေ အတွင်း သပိတ်မှောက်မှုတွေ အတော်များများ ဖြစ်ခဲ့ပြီး စီးပွားရေး လုပ်ငန်းတွေကို ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။