BBC navigation

အခွန်ကောက်မယ့် ကိစ္စကို ပြောင်းဖို့ ယူရိုဇုန် ဝန်ကြီးတွေပြော

နောက်ဆုံး ရေးသားချိန် 18 မတ်လ 2013 - 23:43 GMT
cyprus

ဆိုက်ပရပ်စ်က ဆန္ဒပြ နေကြသူများ

ဆိုက်ပရပ်စ် နိုင်ငံမှာ အသေးစား ငွေစုဆောင်း သူတွေဆီက အခွန်ကောက်ယူမယ့် အငြင်းပွား ဖွယ်ရာ အစီအစဉ်ကို ပြောင်းလဲဖို့ အတွက် ယူရိုဇုန် နိုင်ငံတွေရဲ့ ဘဏ္ဍာရေး ဝန်ကြီးတွေက ဆိုက်ပရပ်စ် ကို တိုက်တွန်း လိုက်ပါတယ်။

ဆိုက်ပရပ်စ်က ဘဏ်တွေမှာ ယူရိုငွေ တသိန်း နဲ့ အထက် စုဆောင်းထား သူတွေဆီကသာ အစိုးရကနေ အခွန်ကောက်ဖို့ အတွက် စဉ်းစား သွားဖို့ ကိုအဲဒီ ဘဏ္ဍာရေး ဝန်ကြီး တွေက အကြံပြု ထားပါတယ်။

ဒါပေမယ့်လည်း အသေးစား ငွေစု သူ တွေဆီက တပြားတချပ်မှ မပေးရဖို့ ပြောကြား တာမျိုးတော့ မရှိတဲ့ အကြောင်း အဲဒီက ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

အဲဒီ လို ပြုလုပ်ဖို့ ပါလီမန်မှာ မဲခွဲ ဆုံးဖြတ်မယ့် ကိစ္စတွေကို အရင်ကလည်း အကြိမ်ကြိမ် ရွှေ့ဆိုင်း ဖူးကြပေမယ့် အခု အင်္ဂါနေ့မှာတော့ မဲခွဲ ဆုံးဖြတ် သွားတော့မှာ ဖြစ်ပါတယ်။

ဆိုက်ပရပ်စ် အတွင်းက ဘဏ်တွေကတော့ ကြာသပတေးနေ့ အထိကို ပိတ်ထားဦးမှာ ဖြစ်ပါတယ်။

ဆိုက်ပရပ်စ် သမ္မတ ကတော့ အခုလို စီစဉ် ရတာဟာ ယူရိုဇုန်နဲ့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ကနေ ရယူထားတဲ့ အကူအညီ ယူရို ၁၀ ဘီလီယံ အတွက် ဆောင်ရွက် ရတာပဲ ဖြစ်ကြောင်းနဲ့ အဲဒီလို မလုပ်ရင်လည်း ဒေဝါလီ ခံဖို့ပဲ ရှိတဲ့ အကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။