BBC navigation

ဆိုက်ပရပ်စ်ကို ကူညီရေး ရုရှား ဝေဖန်

နောက်ဆုံး ရေးသားချိန် 18 မတ်လ 2013 - 14:11 GMT

ဆိုက်ပရပ်စ် ပြည်သူတွေ အကြား အစိုးရရဲ့ အစီ အစဉ်ပေါ် အမျက် ဒေါသ ဖြစ်ခဲ့ကြ

နိုင်ငံ တကာ ကနေ ဆိုက်ပရပ်စ် နိုင်ငံကို ကယ်ဆယ်ရေး ကူညီငွေ ထုတ်ပေးမယ့် အစီ အစဉ် အရ ဆိုက်ပရပ်စ် ဘဏ်တွေ ထဲမှာ ငွေစုထား သူတွေကို ထိခိုက် မှု ရှိမှာ ဖြစ်တဲ့ အတွက် ရုရှားသမ္မတ ဗလာဒီ မီယာ ပူတင်က ဒီ အစီ အစဉ် အပေါ် ဝေဖန် ရှုတ်ချလိုက် ပါတယ်။

ငွေစု စာရင်းတွေ ဆီကနေ အခွန် တကြိမ် စည်းကြပ် မယ့် အစီ အစဉ်ဟာ သိက္ခာ မဲ့တဲ့ လုပ်ရပ် ဖြစ်ပြီး အန္တရာယ် ရှိတယ်လို့ မစ္စတာ ပူတင်က ပြောပါ တယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း အထိ ရုရှား နိုင်ငံက ဘဏ်တွေနဲ့ ကုမ္ပဏီ တွေဟာ ဆိုက်ပရပ်စ်မှာ ထားရှိတဲ့ ငွေပေါင်း ခန့်မှန်းချေ ဒေါ်လာ ဘီလျံ ၃၀ လောက် ရှိနေ ခဲ့တာ ဖြစ်ပါတယ်။ ဆိုင်ပရပ်စ်ကို ရုရှား အစိုးရ ကနေ ပြီးခဲ့တဲ့ ၂ နှစ် တုန်း ကလည်း ချေးငွေ ထုတ် ပေးထား ခဲ့တာ ဖြစ်ပါတယ်။

အခု အစီ အစဉ်နဲ့ ပတ်သက်ပြီး သူတို့ကို တိုင်ပင်တာမျိုး မလုပ်ခဲ့ ဘူးလို့ ရုရှား အစိုးရက ပြောပါတယ်။ သူတို့ ထုတ်ပေး ထားတဲ့ ချေးငွေ ကိုလည်း အခု အချိန် မှာတော့ ထပ်တိုး ပေးဖို့ အစီ အစဉ် မရှိဘူးလို့ ပြောပါတယ်။

ဆိုက်ပရပ်စ် ပြည်သူတွေ အကြား အစိုးရရဲ့ အစီ အစဉ်ပေါ် အမျက် ဒေါသ ဖြစ်ခဲ့ တာကြောင့် အစိုးရ အနေနဲ့ ကောက်ခံ မယ့်အခွန်နှုန်း လျှော့ချ ဖို့ကို ကြိုးစားနေ ပါတယ်။

ငွေ အနည်း အကျဉ်း စုထား သူတွေကို အခွန် လျှော့ကောက်ပြီး စုငွေ အများကြီး ရှိတဲ့ သူတွေဆီ ကတော့ အခွန် တိုးကောက်ဖို့ ရှိနေ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။