BBC navigation

လက်ဘနွန်မြောက်ပိုင်းကို ဆီးရီးယားတိုက်ခိုက်

နောက်ဆုံး ရေးသားချိန် 18 မတ်လ 2013 - 23:38 GMT
_syrian_shelling

ဆီးရီးယား ဘက်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့

တနင်္လာနေ့က လက်ဘနွန် နိုင်ငံ မြောက်ပိုင်းကို ဆီးရီးယား တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ် တွေက ဒုံးကျည် တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ တယ်လို့ အမေရိကန် က အတည်ပြု ပြောကြား လိုက်ပါတယ်။

နိုင်ငံခြားရေး ဌာနရဲ့ ပြောခွင့် ရသူ အမျိုးသမီး ကတော့ အခုလို ပစ်ခတ် တိုက်ခိုက်တာဟာ လက်ဘနွန်ရဲ့ အချုပ်အခြာ အာဏာကို ထိပါး တဲ့ သဘောမျိုး ဖြစ်လို့ လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့ ပြောပါတယ်။

လက်ဘနွန် ဘက်ကနေ ဆီးရီးယား နဲ့ နယ်စပ်ကို ဖြတ်ပြီး သူပုန်တွေက ဆီးရီးယား အစိုးရ တပ်တွေနဲ့ တိုက်ခိုက်နေတာ တွေနဲ့ ပတ်သက်လို့ ဘေရွတ်ကို ဒမတ်စကပ်စ် ဘက်က သတိပေး ထားပြီး ရက်ပိုင်း အကြာမှာ အခုလို ဆီးရီးယား ဘက်ကနေ တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်း တုန်းကတော့ အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ဥရောပ နိုင်ငံ တချို့က ဆီးရီးယား သူပုန်တွေကို လက်နက် ထောက်ပံ့ ဖို့စီစဉ် နေကြတာနဲ့ ပတ်သက်လို့ အမေရိကန် ဘက်က ကန့်ကွက်ဖို့ မရှိတဲ့ အကြောင်း ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။