BBC navigation

စစ်ရာဇဝတ်မှုနဲ့ အလိုရှိနေသူ အမေရိကန်သံရုံးမှာ အဖမ်းခံ

နောက်ဆုံး ရေးသားချိန် 18 မတ်လ 2013 - 23:31 GMT
_ntaganda

ဘော့စကို တာဂန်းဒါ

စစ်ရာဇဝတ် မှုတွေ ကျူးလွန် ခဲ့တယ်လို့ စွပ်စွဲ ခံနေရတဲ့ ကွန်ဂို လူမျိုး တာမင်နိတ်တာ လို့ ခေါ်ကြတဲ့ ဘော့စကို တာဂန်းဒါ ဟာ ရဝမ်ဒါက အမေရိကန် သံရုံးမှာ ကိုယ်တိုင် လာရောက် အဖမ်းခံခဲ့ပါတယ်။

သူက သာဟိဂ် မြို့က အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံးကို လွှဲပြောင်း ပေးဖို့ တောင်းဆို တယ်လို့လည်း အမေရိကန်က ပြောပါတယ်။

အဲဒီ တောင်းဆိုမှုနဲ့ ပတ်သက်လို့ ရဝမ်ဒါ အစိုးရ အပါအဝင် အစိုးရ တချို့နဲ့ တွေ့ဆုံ ဆွေးနွေး နေတယ်လို့ အမေရိကန်ဘက်က ပြောပါတယ်။

မစ္စတာ တာဂန်းဒါဟာ ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံရဲ့ အရှေ့ပိုင်းမှာ လက်နက်ကိုင် လှုပ်ရှားမှုတခုကို ဦးဆောင် ခဲ့သူ ဖြစ်ပါတယ်။

သူ့ကို အပြည်ပြည် ဆိုင်ရာ ရာဇဝတ် ခုံရုံးက ကလေးစစ်သား စုဆောင်းမှု၊ လူသတ်မှု၊ မုဒိမ်းမှု တွေနဲ့ အလိုရှိနေတာ လည်းဖြစ်ပါတယ်။ သူကတော့ အဲဒီစွပ်စွဲ ထားချက်တွေနဲ့ ပတ်သက်လို့ ငြင်းဆို ထားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။