BBC navigation

ဇင်ဘာဘွေမှာ ဖွဲ့စည်းပုံ အသစ်ပေါ်ထွက်လာနိုင်

နောက်ဆုံး ရေးသားချိန် 18 မတ်လ 2013 - 00:21 GMT

အတိုက်အခံ ပါတီက ဝန်ကြီးချုပ် Morgan Tsvangirai

ဇင်ဘာဘွေ နိုင်ငံမှာ ကနဦးထွက်လာတဲ့ လူထုသဘောထား ကောက်ယူမှု ရလဒ် အရ သမ္မတရဲ့ အာဏာတချို့ကို လျော့ချပြီး သတင်း လွတ်လပ်ခွင့်တွေ ပိုပေးလာတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် မူကြမ်းကို ကျယ်ကျယ်ပြန့်ပြန့် အတည်ပြု လိမ့်မယ် လက္ခဏာတွေ မြင်တွေ့ နေရပါတယ်။

ဒီဖွဲ့စည်းပုံ မူကြမ်းကို ပါတီ အဖွဲ့အစည်းတွေ အားလုံးက ထောက်ခံကြ ပေမယ့် လူအခွင့်အရေး အုပ်စုတွေကတော့ ဆန့်ကျင်ကြပါတယ်။

မနေ့က တနင်္ဂနွေနေ့ အစောပိုင်းတုန်းကတော့ ဝန်ကြီးချုပ် Morgan Tsvangirai နဲ့ သူ့ရဲ့ MDC ပါတီက ထိပ်တန်း အရာရှိ သုံးယောက်ကို ရဲက နေအိမ်က ခေါ်ဆောင်သွားခဲ့ ပါတယ်။

ထိပ်တန်း လူ့အခွင့်အရေး ရှေ့နေ Beatrice Mtetwa ကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။