BBC navigation

ကူညီရေး အစီအမံတွေကို ဆိုက်ပရပ်စ် ပါလီမန် ပယ်ချ

နောက်ဆုံး ရေးသားချိန် 20 မတ်လ 2013 - 00:28 GMT
cyprus

ဆိုက်ပရပ်စ်မှာ ဘဏ်တွေကတော့ ပိတ်ထားဆဲ

ဆိုက်ပရပ်စ် နိုင်ငံ အတွက် နိုင်ငံတကာက ငွေကြေး အကူအညီ တွေနဲ့ ပတ်သက်တဲ့ အစီအမံ တွေကို ပါလီမန် ကနေ ပယ်ချ လိုက်ပါတယ်။

အဲဒါကြောင့် တိုင်းပြည် ဒေဝါလီ မခံရဖို့ အတွက် အစီအစဉ် တွေအကုန်လုံး ဝရုန်းသုန်းကား ဖြစ်သွား စေခဲ့ပါတယ်။

အဲဒီ အစီအမံ တွေအရ နိုင်ငံအတွင်းက အကျပ်တွေ့ နေတဲ့ ဘဏ်တွေမှာ ငွေစုသူတွေ ဆီကနေ အခွန်ကောက်မယ့် ကိစ္စလည်း ပါဝင်နေပြီး အဲဒီ အတွက် ဘယ်ပါလီမန် အမတ်ကမှ မဲမပေး ခဲ့ပါဘူး။

အဲဒီလို ပယ်ချလိုက်တဲ့ အပေါ်မှာ ဂျာမန် ဘဏ္ဍာရေး ဝန်ကြီး Wolfgang Schaeuble က ဆိုက်ပရပ်စ် အတွက် အလွန် အရေးကြီးတဲ့ အခြေအနေကို ရောက်နေပြီလို့ ဆိုလိုက်ပါတယ်။

အဲဒီ ကူညီရေး အစီအမံ တွေနေရာမှာ အစားထိုး နိုင်မယ့် တခြား အစီအမံ တွေ အတွက် အခုတော့ အရေးတကြီး ဆွေးနွေး နေကြပြီ လို့လည်း သိရပါတယ်။

ဆိုက်ပရပ်စ်က နိုင်ငံရေး ခေါင်းဆောင် တွေကတော့ ဗုဒ္ဓဟူး နေ့ မနက်ပိုင်းမှာ တွေ့ဆုံ ဆွေးနွေး သွားကြဖို့ ရှိပါတယ်။

ဆိုက်ပရပ်စ် ဘဏ်တွေမှာ ငွေအများအပြား အပ်နှံ ထားကြသူ တွေဟာ ရုရှား က ဖြစ်တဲ့ အတွက် ဆိုက်ပရပ်စ် ဘဏ္ဍာရေး ဝန်ကြီးကတော့ ဆွေးနွေးမှုတွေ လုပ်ဖို့ အတွက် မော်စကိုကို ထွက်ခွာ သွားခဲ့ပြီ ဖြစ်ပါတယ်။

ဆိုက်ပရပ်စ် အတွင်းက ဘဏ် တွေကတော့ သူတို့ဘဏ် ထဲမှာ ရှိနေတဲ့ ငွေတွေ မကုန်သွား စေဖို့အတွက် ပိတ်ထားကြပြီး လာမယ့် ကြာသပတေးနေ့မှ ပြန်ဖွင့် ကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။