BBC navigation

အီရတ်မှာ တိုက်ခိုက် မှုကြောင့် လူအများ သေဆုံး

နောက်ဆုံး ရေးသားချိန် 19 မတ်လ 2013 - 16:26 GMT
Iraq

မဟာမိတ် တပ်ဖွဲ့တွေ ဝင်တိုက် ခဲ့တဲ့ ၁၀ နှစ် မြောက် နှစ်ပတ်လည်မှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့

အီရတ် နိုင်ငံ ဘဂ္ဂဒက် မြို့တော် တခွင်မှာ အစီအစဉ် တကျ ဗုံး ဖောက်ခွဲ မှုနဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုတွေ ကြောင့် လူပေါင်း ၅၀ နီးပါး သေဆုံးပြီး နောက်ထပ် ၁၆၀ ကျော် ဒဏ်ရာ ရခဲ့ပါတယ်။

အီရတ် နိုင်ငံကို အမေရိကန် ဦးဆောင်တဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့မှု ၁၀ နှစ်ပြည့် နှစ်ပတ်လည် အချိန်မှာ အကြမ်း နည်းနဲ့ တိုက်ခိုက်မှု တွေ ဖြစ်လာခဲ့တာပါ။

ဘယ်အဖွဲ့ ကမှ သူတို့ လက်ချက် ဖြစ်တယ် ဆိုတာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

ရှီယာ မွတ်ဆလင် တွေ ခေါင်းဆောင်တဲ့ အစိုးရကို မတည် မငြိမ် ဖြစ်အောင် အယ်လ် ကာအီးဒါးနဲ့ ဆက်နွယ် နေတဲ့ ဆူနီ သူပုန် အဖွဲ့ တစ်ဖွဲ့က အလားတူ တိုက်ခိုက်မှု တွေကို ပြုလုပ်ခဲ့ပါတယ်။

လုံခြုံရေး အခြေ အနေတွေကြောင့် လာမယ့်လမှာ ပြုလုပ်မယ့် ပြည်နယ် ရွေးကောက်ပွဲ တွေကို ပြည်နယ် နှစ်ခုမှာ နောက်ထပ် ခြောက်လ အထိ အစိုးရက ရွှေ့ဆိုင်းခဲ့ ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။