BBC navigation

လက်နက်ကိုင်ဆောင်မှု ဥပဒေကို ဆီးနိတ်မဆွေးနွေးသေး

နောက်ဆုံး ရေးသားချိန် 20 မတ်လ 2013 - 00:17 GMT
us_newtown_shooting

ဆန်ဒီဟုခ် ကျောင်းမှာ လူ့အသက်များစွာ ဆုံးရှုံးခဲ့

အမေရိကန် ပြည်ထောင်စု မှာတော့ သမ္မတ အိုဘားမားက လိုလားတဲ့ လက်နက် ကိုင်ဆောင်မှု ထိန်းချုပ် ရေးနဲ့ ပတ်သက်တဲ့ ဥပဒေကို နောက်လ ဆီးနိတ်လွှတ်တော်မှာ ဆွေးနွေးမယ့် အထဲကနေ ထုတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ လက ဆန်ဒီဟုခ် ကျောင်းမှာ လူအများအပြား သေနတ်နဲ့ ပစ်ခတ် ခံရလို့ သေဆုံး ခဲ့ရအပြီးမှာ လက်နက် ကိုင်ဆောင်ခွင့် တွေကို ထိန်းချုပ်ဖို့ စီစဉ် ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီမိုကရက် အမတ်တွေ ကြီးစိုး နေတဲ့ ဆီးနိတ် အထက် လွှတ်တော်ရဲ့ အကြီးအကဲ ဖြစ်တဲ့ ဟယ်ရီ ရိဒ် ကတော့ ခြေမှုန်းရေး လက်နက်တွေနဲ့ ကျည်ကပ် အကြီးစား တွေကို ပိတ်ပင်မယ့် အဆိုပြု ချက်တွေနဲ့ ပတ်သက်လို့ လုံလောက်တဲ့ ထောက်ခံမှု မရထားဘူးလို့ ဆိုပါတယ်။

အဲဒီ ဥပဒေကြမ်း ထဲမှာ ဆိုရင် သေနတ် ဝယ်ယူ လိုသူ တွေကို သူတို့ရဲ့ နောက်ကြောင်း ရာဇဝင်ကို သေချာ စစ်ဆေးတာမျိုး၊ လက်နက် ခိုးရောင်းသူ တွေကို ပြင်းထန်တဲ့ အပြစ်ပေး တာမျိုးနဲ့ ကျောင်းတွေ အတွင်းမှာ လုံခြုံရေး အတွက် ငွေပိုသုံး စွဲဖို့ တွေလည်း ပါဝင်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။