BBC navigation

ဆိုက်ပရပ်စ်မှာ ၂၄နာရီ ငွေထုတ်စက်က ထုတ်မရ

နောက်ဆုံး ရေးသားချိန် 20 မတ်လ 2013 - 23:43 GMT

ငွေထုတ်ဖို့ တန်းစီနေတဲ့ လူတန်းရှည်ကြီး

ဆိုက်ပရပ်စ်မှာ ဘဏ္ဍာရေး ပျက်ကပ် မဆိုက်ရအောင် နိုင်ငံတကာရဲ့ ဘဏ္ဍာရေး ကယ်ဆယ် ကူညီငွေ ရယူနိုင်မယ့် တခြား နည်းလမ်း တခုကို ဒီနေ့ ကြာသပတေးနေ့မှာ သမ္မတ Nicos Anastasiades က ထုတ်ပြန်လိမ့်မယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ ဖော်ပြထားပါတယ်။

အဲဒီ အစီအစဉ် ထဲမှာ ဘာတွေ ပါမလဲ ဆိုတာကို အသေးစိတ် မပြောပေမယ့် ရုရှားက အကူအညီတွေ ရနိုင်တယ် ဆိုတဲ့ ပြောဆိုချက်တွေ ထွက်နေသလို ဘဏ်မှာ ငွေအမြောက်အမြား အပ်ထားသူတွေ ဆီက တနည်းတဖုံမယ့် အခွန်ကောက်ခံမယ့် အစီအစဉ်လည်း ပါဝင်လိမ့်မယ်လို့ ယူဆ နေကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဥရောပ ပါလီမန် ဥက္ကဌ Marin Schulz က ယူရိုဇုန် အနေနဲ့ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာ အတွင်းမှာ နည်းလမ်း တခု ရှာသင့်တယ် ၊ ဒါဟာ တကယ့်ကို အရေးကြီးတဲ့ ကိစ္စတရပ် ဖြစ်တယ် ၊ ဥရောပ သမဂ္ဂ အပြင်ဖက်ကနေ အကူအညီ မယူသင့်ဘူးလို့ ပြောပါတယ်။

ယူရိုဇုန် အနေနဲ့ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာ အတွင်းမှာ နည်းလမ်း တခု ရှာသင့်တယ် ၊ ဒါဟာ တကယ့်ကို အရေးကြီးတဲ့ ကိစ္စတရပ် ဖြစ်တယ် ၊ ဥရောပ သမဂ္ဂ အပြင်ဖက်ကနေ အကူအညီ မယူသင့်ဘူးလို့ အီးယူ ပါလီမန် ဥက္ကဌက ဆိုသွားတာပါ။

ဘဏ်မှာ ငွေစုထားတဲ့ သူတွေဆီက အကြီးအကျယ် အခွန်ကောက်ယူမယ့် အချက်ပါတဲ့ ယူရိုဇုန်ရဲ့ ဘဏ္ဍရေး ကယ်ဆယ်မှု အစီအစဉ်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကတော့ ဆိုက်ပရပ်စ် ပါလီမန်မှာ တခဲနက် ပယ်ချခံခဲ့ ရတာ ဖြစ်ပါတယ်။

ဘဏ်ထဲရှိတဲ့ငွေ လူတွေ လာထုတ်လို့ ကုန်သွားမှာကို ထိန်းတဲ့ အနေနဲ့ ဆိုက်ပရပ်စ်မှာ ဘဏ်တွေကို လာမယ့် အင်္ဂါနေ့အထိ ငွေထုတ်ပိတ်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။