BBC navigation

တူရကီ သူပုန်ခေါင်းဆောင် အပစ်ရပ်ရေး တောင်းဆို

နောက်ဆုံး ရေးသားချိန် 21 မတ်လ 2013 - 17:54 GMT

တူရကီ နယ်မြေတွေ ကနေ ပီကေကေ သူပုန်တွေ ပြန်လည် ဆုတ်ခွာဖို့ သူပုန်ခေါင်းဆောင် တောင်းဆို

တူရကီ နိုင်ငံက ထောင်ကျ နေတဲ့ ကာ့ဒ်သူပုန် ခေါင်းဆောင် အဗ္ဗဒူလာ အိုကလန်က နိုင်ငံ အရှေ့တောင် ဘက်မှာ ကာ့ဒ်ခွဲထွက်ရေး အတွက် နှစ်ပေါင်း ၃၀ ကြာ တိုက်ခိုက် နေမှုတွေ အဆုံးသတ်ရေး အတွက် အပစ် အခတ် ရပ်စဲဖို့ တောင်းဆို လိုက်ပါတယ်။

ကာဒ့်လူမျိုး ပါလီမန် အမတ် တဦး ကနေ ဆက်သွယ် ဆောင်ရွက် ပေးမှုနဲ့ မစ္စတာ အိုကလန်ရဲ့ ကြေညာချက် ထွက်ပေါ် လာရာမှာ တူရကီ နယ်မြေတွေ ကနေ ပီကေကေ သူပုန်တွေ ပြန်လည် ဆုတ်ခွာ ဖို့ကို တောင်းဆိုထား ပါတယ်။

ဒီမိုကရေစီ အရ လုပ်ငန်းစဉ်တွေ ပွင့်လာပြီ ဖြစ်လို့ ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ အတွက် နိုင်ငံရေး အရ ဆောင်ရွက် ချိန် တန်ပြီလို့ မစ္စတာ အိုကလန်က ပြောပါတယ်။

၁၉၉၉ ခုနှစ် ကတည်းက ဖမ်ဆီး ခံနေရတဲ့ မစ္စတာ အိုကလန်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ကစပြီး တူရကီ ထောက်လှန်းရေး အရာရှိတွေက ငြိမ်းချမ်းရေး ဆွေးနွေး မှုတွေ ပြုလုပ် နေခဲ့တာ ဖြစ်ပါတယ်။

ပီကေကေ သူပုန်တွေရဲ့ ပုန်ကန်မှုကြောင့် တူရကီ နိုင်ငံမှာ လူပေါင်း ၄ သောင်း ကျော် အသက် ဆုံးရှုံး ခဲ့ရပြီ ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။