BBC navigation

ဆိုက်ပရပ်စ် ငွေကြေးကယ်ဆယ်ရေး စီမံကိန်း ဥပဒေကြမ်း အတည်ပြု

နောက်ဆုံး ရေးသားချိန် 23 မတ်လ 2013 - 00:51 GMT

ဆိုက်ပရပ်စ် ငွေထုတ်စက်တွေမှာ အကန့်အသတ်နဲ့သာ ငွေထုတ်ယူနိုင်

ဆိုက်ပရပ်စ်နိုင်ငံမှာ နိုင်ငံတကာ ငွေကြေး ကယ်ဆယ်ရေး စီမံကိန်းတခု ရရေး အတွက် EU ဥရောပ သမဂ္ဂ က သတ်မှတ်ပေးထားတဲ့ ကန့်သတ်ချက် စည်းမျဉ်းတွေကို ဖြည့်ဆည်း နိုင်ရေး ဥပဒေကြမ်း ၉ခုကို ပါလီမန်က အတည်ပြုခဲ့အပြီးမှာ ပါလီမန် လွှတ်တော်ကို ဒီကနေ့အတွက် ဆိုင်းငံ့ထားလိုက်ပါတယ်။

အဲဒီ ဥပဒေကြမ်းတွေထဲမှာ ဆိုက်ပရပ်စ်နိုင်ငံရဲ့ ဘဏ်တွေ ပြန်လည် တည်ဆောက်ရေး ဥပဒေကြမ်း တခုလည်း ပါဝင်ပါတယ်။

အဲဒီ ဥပဒေကြမ်းဟာ လောလောဆယ် အချေအတင် အငြင်းပွားစရာ အဖြစ်ဆုံး ဥပဒေကြမ်း ဖြစ်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

တခြား ဥပဒေကြမ်းတွေထဲမှာတော့ နိုင်ငံ့ ဘဏ္ဍာ စုပေါင်း ရံပုံငွေ အဖွဲ့တခု ဖွဲ့စည်း ထားရှိဖို့နဲ့ အစိုးရအနေနဲ့ ဘဏ်တွေအပေါ် ငွေလုံးငွေရင်း ထိန်းချုပ်နိုင်ခွင့် အာဏာ ပေးရေး ဥပဒေ တခုလည်း ပါဝင်ပါတယ်။

ဆိုက်ပရပ်စ် အစိုးရအနေနဲ့ ဥရောပ သမဂ္ဂ ရဲ့ ထောက်ခံ ကူညီမှု မရခင် ဒေါ်လာ ၇ ဘီလျံခွဲလောက် ရှာဖို့ လိုပါတယ်။

ဆိုက်ပရပ်စ်နိုင်ငံအတွက် အဆိုပြုထားတဲ့ ငွေကြေးကယ်ဆယ်ရေး စီမံကိန်း အကြောင်း ဆွေးနွေး ပြောဆိုဖို့ ဥရောပ သမဂ္ဂ ဝင် နိုင်ငံတွေက ဘဏ္ဍာရေး ဝန်ကြီးတွေ တနင်္ဂနွေနေ့မှာ ဘရပ်ဆဲလ်စ်မြို့မှာ တွေ့ဆုံကြမယ်လို့ ယူဆရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။