BBC navigation

ဆီးရီးယား ဗုံးကွဲမှုအတွင်း ဆွန်နီဘာသာရေး ခေါင်းဆောင်သေဆုံး

နောက်ဆုံး ရေးသားချိန် 22 မတ်လ 2013 - 00:57 GMT

ဒေါက်တာ အယ်လ် ဘူတီဟာ သမ္မတ အားဆာ့တ်ကို ထောက်ခံ အားပေးသူတဦး ဖြစ်

ဆီးရီးယားနိုင်ငံ ဒမာ့စကပ်စ်မြို့လယ်မှာရှိတဲ့ ဗလီတခုမှာ ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ရာမှာ ဆီးရီးယား အစိုးရကို ထောက်ခံအားပေးတဲ့ အထင်ကရ ဆွန်နီ ဘာသာရေး ခေါင်းဆောင် မိုဟာမက် အယ်လ် ဘူတီ သေဆုံးသွားပါတယ်။

ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်သမားတွေရဲ့ အသေခံ တိုက်ခိုက်မှု တခု ဖြစ်ကြောင်းနဲ့ အဲဒီ တိုက်ခိုက်မှု အတွင်း ဒေါက်တာ မိုဟာမက် အယ်လ် ဘူတီ နဲ့အတူ တခြား လူ၄၀ကျော်လည်း သေဆုံးသွားကြောင်း ဆီးရီးယား အစိုးရ ရုပ်မြင်သံကြားမှာ ထုတ်ဖေါ် ကြေညာသွားပါတယ်။

တိုက်ခိုက်မှု ဖြစ်ပွားအပြီး ဗလီကျောင်း ကြမ်းပြင်ပေါ်မှာ လူသေအလောင်း အပိုင်းအစတွေနဲ့ သွေးတွေအိုင်ထွန်းနေတာကို ရုပ်မြင်သံကြားမှာ တွေ့ရပါတယ်။

အသက် ၈၀ အရွယ် ဒေါက်တာ မိုဟာမက် အယ်လ် ဘူတီဟာ ဆီးရီးယား အတိုက်အခံတွေအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန် ရှုံ့ချခဲ့သူ ဖြစ်ပါတယ်။

သူဟာ ဆွန်နီ အသိုင်းအဝိုင်းအကြား သမ္မတ အားဆာ့တ်အပေါ် ထောက်ခံအားပေးတဲ့သူ အနည်းငယ်ထဲမှာ တဦးဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။