BBC navigation

အိုဘားမား ခရီးစဉ်အပြီး ကယ်ရီ ဆွေးနွေးပွဲများ

နောက်ဆုံး ရေးသားချိန် 24 မတ်လ 2013 - 00:53 GMT

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပြန်လည် ဖော်ဆောင်ဖို့ ပါလက်စတိုင်း သမ္မတနဲ့ တွေ့ဆုံ ပြီးတဲ့နောက် အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျာမင် နက်တန်ရာဟူးနဲ့ အစည်းအဝေး ကျင်းပနေပါတယ်။

သမ္မတ အိုဘားမား ရဲ့ လေးရက်ကြာ အရှေ့အလယ်ပိုင်း ခရီးစဉ် အတွင်း အစ္စရေးနဲ့ ပါလက်စတိုင်းတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လုပ်ဖို့ တိုက်တွန်းခဲ့ပြီးတဲ့နောက် အခုလို မစ္စတာ ကယ်ရီရဲ့ နှစ်ဖက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှု ပေါ်ပေါက်လာတာပါ။

ဆွေးနွေးပွဲ အကြောင်းအရာတွေကို မသိရသေးပေမယ့် ငြိမ်းချမ်းရေး အစီအစဉ်တွေ ပြန်စဖို့ အဓိကထား ကြိုးစားလိမ့်မယ်လို့ ယူဆရကြောင်း သတင်းထောက်တွေက ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။