BBC navigation

ဆိုက်ပရပ်စ် ခိုင်မာတဲ့ သဘောတူညီချက် ရလိမ့်မယ်လို့ မျှော်လင့်

နောက်ဆုံး ရေးသားချိန် 24 မတ်လ 2013 - 00:57 GMT

ဆိုက်ပရပ်စ် အရေး ပြောနေတဲ့ ဥရောပ ကော်မရှင်နာမင်းကြီး Ollie Rehn

ဆိုက်ပရပ်စ်မှာ ဘဏ်တွေ ဒေဝါလီ မခံရအောင် နိုင်ငံတကာက ဘဏ္ဍာရေး ကယ်ဆယ်ရေး ကူညီငွေ ရနိုင်ဖို့ ခိုင်မာတဲ့ သဘောတူညီချက် ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း သမ္မတ Nicos Anastasiades က ပြောပါတယ်။

ဆိုက်ပရပ်စ်ဟာ ဥရောပ သမဂ္ဂ ၊ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ ၊ ဥရောပ ဗဟိုဘဏ် တို့နဲ့ သဘောတူချက် တခု ရနိုင်ဖို့ ဆွေးနွေးနေပြီး ဒီနေ့ တနင်္ဂနွေနေ့မှာ သဘောတူချက်ကို ယူရိုဇုန် ဘဏ္ဍာရေး ဝန်ကြီးတွေဆီ တင်ပြရမှာ ဖြစ်ပါတယ်။

စီးပွားရေး ဆိုင်ရာ ဥရောပ ကော်မရှင်နာ မင်းကြီး Ollie Rehn ကတော့ ဆိုက်ပရပ်စ် အတွက် တခြားရွေးစရာလမ်း မရှိတော့ဘူး ခက်ခဲတဲ့ လမ်းကိုသာ လျှောက်လှမ်းရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။