BBC navigation

ဆိုက်ပရပ်စ် ကယ်တင်ရေး ဆွေးနွေးပွဲ တိုးတက်မှုရှိ

နောက်ဆုံး ရေးသားချိန် 23 မတ်လ 2013 - 16:33 GMT

၂၂ ရက်နေ့ ကတော့ ဆိုက်ပရပ်စ် ပါလီမန်မှာ ဆောင်ရွက်ချက် တချို့ အတွက် အတည် ပြု

ဆိုက်ပရပ်စ် နိုင်ငံ ဘဏ္ဍာရေး အကျပ် အတည်းနဲ့ ပတ်သက်ပြီး သုံးဦးသုံးဖလှယ် လို့ခေါ်တဲ့ ဆွေးနွေး ပွဲမှာ အရေး ပါတဲ့ တိုးတက်မှု ရှိခဲ့ ပြီလို့ ဆိုက်ပရပ်စ် ဘဏ္ဍာ ရေး ဝန်ကြီး မိုက်ကယ် ဆာရီးစ်က ပြောပါတယ်။

အီးယူ ဥရောပ သမဂ္ဂ၊ ကမ္ဘာ့ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF နဲ့ ဥရောပ ဗဟို ဘဏ် တို့ ဆွေးနွေး နေကြတာ ဖြစ်ပြီး၊ ဆိုက်ပရပ်စ် ဘဏ်တွေကို ဘယ်လို ကယ်တယ် မလဲ ဆိုတဲ့ ကိစ္စရပ် အတော် များများ ကိုတော့ မဆုံးဖြတ် နိုင်သေးပဲ ရှိနေတယ်လို့ မစ္စတာ ဆာရီးစ် က ပြောပါတယ်။

၂၃ ရက် ညနေပိုင်း အထိ ဆက်ဆွေးနွေးတဲ့ အခါ မှာတော့ ဒါတွေကို ဖြေရှင်း နိုင်လိမ့် မယ်လို့ သူက ဆက်ပြော ပါတယ်။

၂၂ ရက်နေ့ ကတော့ ဆိုက်ပရပ်စ် နိုင်ငံ တွင်းက အဓိက ဘဏ်ကြီး တွေကို ပြန်လည် တည်ဆောက် ဖို့နဲ့ ငွေ အလွှဲ အပြောင်း လုပ်တဲ့ အပေါ် ကန့်သတ် ချက်တွေ စတင် ထားရှိ ဖို့ရယ်၊ နောက်ပြီး ဘဏ်တွေမှာ အရန်ငွေ ပိုများ လာရေး အတွက် ရန်ပုံငွေ တခု ထားရှိရေး ဆောင်ရွက် ဖို့ကို ပါလီမန်က အတည် ပြုပေး လိုက်ပါတယ်။

ဂျာမဏီ ကတော့ ဆိုက်ပရပ်စ် ဘဏ်တွေမှာ ငွေစု ထားသူတွေ ဆီကနေ အခွန်ကောက် ဖို့ကို အလေး အနက် ပြောကြားနေ ပေမယ့်လို့ ပြည်သူ အများက လက်မခံတဲ့ ဒီကိစ္စ အပေါ် ဘာမှာ ဆုံးဖြတ်ချက် မချရ သေးပါ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။