BBC navigation

ဗဟိုအာဖရိက သမ္မတ ကမ်မရွန်းမှာ ခိုလှုံ

နောက်ဆုံး ရေးသားချိန် 25 မတ်လ 2013 - 18:01 GMT

မြို့တော် ဘန်ဂီကို သူပုန်တွေ ထိန်းချုပ် လိုက်ပြီး နောက် သမ္မတ ဘိုဇီဇေး တိုင်းပြည် က ထွက်ပြေး

ဗဟို အာဖရိက သမ္မတ နိုင်ငံ သမ္မတ ဖရန်ဆွာ ဘိုဇီဇေးကို အိမ်နီးချင်း ကမ်မရွန်း နိုင်ငံမှာ ယာယီ ခိုလှုံခွင့် ပေးလိုက်တယ်လို့ ကမ်မရွန်း အစိုးရ က ပြောကြား လိုက်ပါတယ်။

မစ္စတာ ဘိုဇီဇေးဟာ ဟာ ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံကို ထွက်ပြေး သွားတာလို့ စောစော ပိုင်းက သတင်းတွေ ထွက်နေ ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဘိုဇီဇေးရဲ့ မိသားစုတွေ ကတော့ ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံကို ထွက်ပြေး သွားကြတာ ဖြစ်ပါတယ်။

မြို့တော် ဘန်ဂီကို တနင်္ဂနွေနေ့က သူပုန်တွေ ထိန်းချုပ် လိုက်ပြီးနောက် သမ္မတ ဘိုဇီဇေး တိုင်းပြည် ကနေ ထွက်ပြေး သွားခဲ့ရတာ ဖြစ်ပါတယ်။

အာဖရိက သမဂ္ဂ ကတော့ အခုလို အာဏာသိမ်း လိုက်တာကို ရှုတ်ချ လိုက်ပြီး၊ ဗဟို အာဖရိက သမ္မတ နိုင်ငံကို အဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံ့ထား လိုက်ပါတယ်။

မြို့တော် ဘန်ဂီကို သူပုန်တွေ အာဏာ တက်သိမ်း တုန်းက အစိုးရ ဘက်ကနေ ကာကွယ် တိုက်ခိုက် ပေးခဲ့တဲ့ တောင်အာဖရိက နိုင်ငံက စစ်သား အနည်းဆုံး ၁၃ ဦး သေဆုံး သွားပြီး စစ်သား ၃၀ နီးပါး ဒဏ်ရာ ရရှိ သွားတယ်လို့ တောင်အာဖရိက သမ္မတ ဂျက်ကော့ ဇူးမား က ပြောကြား လိုက်ပါတယ်။

တောင်အာဖရိက နိုင်ငံမှာ ၁၉၉၄ ခုနှစ်က စလို့ ဒီမိုကရေစီ ရရှိ ခဲ့ပြီး နောက်ပိုင်း အခုလို စစ်သားတွေ ဆုံးရှုံး ရမှုမှာ ဒါ အများဆုံး ဖြစ်ပါတယ်။

သူပုန်တွေ ကတော့ ဇန်နဝါရီလက သဘောတူ ထားခဲ့တဲ့ ငြိမ်းချမ်းရေး သေဘာတူညီချက် အရ အစိုးရနဲ့ အာဏာ မျှဝေရေးကို ဆက်လက် ထိန်းသိမ်း လုပ်ဆောင် သွားမယ် လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။