BBC navigation

ဆိုက်ပရပ်စ် ဘဏ်စနစ်မပြိုပျက်ရေး အခြေခံအချက်တွေ သဘောတူ

နောက်ဆုံး ရေးသားချိန် 25 မတ်လ 2013 - 01:23 GMT

နိုင်ငံတကာ ငွေကြေးကယ်ဆယ်ရေး စီမံကိန်းတခု ရဖို့ ဆိုက်ပရပ်စ် ကြိုးစားနေ

ဆိုက်ပရပ်စ်နိုင်ငံရဲ့ ဘဏ်စနစ်ကြီး ပြိုပျက်မသွားအောင် တားဆီးနိုင်မယ့် နိုင်ငံတကာ ငွေကြေးကယ်ဆယ်ရေး စီမံကိန်းအတွက် အခြေခံအချက်တွေအပေါ် သဘောတူချက် ရသွားကြပြီ ဖြစ်ပါတယ်။

ဆိုက်ပရပ်စ် ဘဏ်တွေမှာ စရန်ငွေ ယူရို တသိန်း အောက် ထားထားသူတွေအပေါ် စည်းမျဉ်း ကြပ်မတ်တာမျိုး မရှိပဲ ဆက်ခွင့်ပြုမှာ ဖြစ်ပါတယ်။

ဆိုက်ပရပ်စ်နိုင်ငံရဲ့ ဒုတိယ အကြီးဆုံး ဘဏ် ဖြစ်တဲ့ Laiki ဘဏ်ကို ပြန်လည် ဖွဲ့စည်းမှာ ဖြစ်ပြီး ယူရိုငွေ တသိန်းကျော် စရန်ငွေထားထားသူ အစုရှယ်ယာရှင် တွေကတော့ အကြီးအကျယ် အရှုံးပေါ်မှာဖြစ်ပါတယ်။

သူတို့ရဲ့ စရန်ငွေ ၄၀ ရာခိုင်နှုန်းလောက်အထိ ဆုံးရှုံးနိုင်ဘွယ် ရှိတယ်လို့ သိရပါတယ်။

ဆိုက်ပရပ်စ်၊ IMF နိုင်ငံတကာ ငွေကြေး ရံပုံငွေအဖွဲ့ကြီးနဲ့ ဥရောပ ကော်မရှင်တို့ အကြား သဘောတူချက် အသေးစိတ်ကို ဥရောပ ဘဏ္ဍာရေး ဝန်ကြီးတွေက လက်ခံ သဘောတူဖို့ လိုအပ်နေပါသေးတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဆိုက်ပရပ်စ် နိုင်ငံက အကြီးဆုံး ဘဏ်ကြီး နှစ်ခုရဲ့ ငွေထုတ်စက်တွေမှာ တနေ့ကို ယူရိုငွေ တရာပဲ ထုတ်ယူခွင့် ကန့်သတ်ထားခဲ့ ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။