ဆီးရီးယားအတိုက်အခံအဖွဲ့ အာရပ်အဖွဲ့ချုပ် ထိပ်သီးညီလာခံတက်

  • 26 မတ် 2013
Image caption အာရပ်အဖွဲ့ချုပ်ထိပ်သီးညီလာခံကို ပထမဆုံး တက်နေတဲ့ ဆီးရီးယား အတိုက်အခံ အဖွဲ့

ဆီးရီးယားအတိုက်အခံအဖွဲ့ဟာ ဆီးရီးယားနိုင်ငံကို ကိုယ်စားပြုပြီး အာရပ်အဖွဲ့ချုပ်ထိပ်သီးညီလာခံကို ပထမဆုံးအကြိမ် တက်ရောက်နေပါတယ်။

အာရပ်အဖွဲ့ချုပ်ရဲ့ ဥက္ကဌ ကာတာနိုင်ငံက ဒိုဟာမှာ ကျင်းပတဲ့ အာရပ်အဖွဲ့ချုပ်ထိပ်သီးညီလာခံကို တက်ရောက်ဖို့ ဆီးရီးယားအတိုက်အခံ ဆီးရီးယား အမျိုးသား ညွန့်ပေါင်းအဖွဲ့ကို တရားဝင် ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ် အတိုက်အခံ ခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်ဖို့ စာတင်ထားတဲ့ မစ္စတာ မိုဇဲ ခါတစ်ဘ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၄ ဦးပါ ကိုယ်စားလှယ်အဖွဲ့ နေရာယူချိန်မှာ အားလုံးက လက်ခုပ်သြဘာတီးခဲ့ကြပါတယ်။

ဆီးရီးယားပြည်သူတွေဟာ သူတို့ရဲ့ လွတ်လပ်မှုအတွက် အသက်သွေးတွေ ပေးဆပ်နေကြရတယ်လို့ မစ္စတာ ခါတစ်ဘ်က ညီလာခံ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဆီးရီးယားအစိုးရကို ဆန့်ကျင်တိုက်ခိုက်သူတွေ ထိန်းချုပ်ရာ ဒေသတွေကို ပက်တရီရော့ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးလက်နက်တွေနဲ့ ပစ်ခတ် အကာအကွယ်ပေးဖို့ အမေရိကန်အစိုးရကို ပန်ကြားထားတယ်လို့ သူက ပြောပါတယ်။

ဒါပေမယ့် ဒါကို နေတိုးအဖွဲ့ချုပ်က မဖြစ်နိုင်ဘူးလို့ မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ