ကမ္ဘာ့စီးပွားရေး ထွန်းသစ်စနိုင်ငံများ ထိပ်သီးဆွေးနွေးပွဲစ

  • 26 မတ် 2013

ကမ္ဘာ့ လူဦးရေရဲ့ ၄၂ ရာခိုင်နှုန်းကျော်ကျော်ကို ကိုယ်စားပြုတဲ့ ကမ္ဘာ့စီးပွားရေး ထွန်းသစ်စနိုင်ငံများရဲ့ နှစ်ပတ်လည် ထိပ်သီးဆွေးနွေးပွဲကို တောင်အာဖရိကနိုင်ငံ ဒါဘန်းမြို့မှာ စတင်နေပါတယ်။

BRICS လို့ ခေါ်တဲ့ ဘရာဇီး၊ ရုရှ၊အိန္ဒိယ၊တရုတ်နဲ့ တောင်အာဖရိကနိုင်ငံတွေ က နှေးကွေးနေတဲ့ သူတို့ရဲ့ စီးပွားရေးတိုးတက်မှုကို ဘယ်လို ပိုမြန်ဆန်အောင် လုပ်နိုင်မလဲဆိုတာ အလေးထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီလို ဆွေးနွေးရာမှာ ကမ္ဘာဘဏ်နဲ့ ငွေကြေးရံပုံငွေအဖွဲ့တို့နဲ့ အပြိုင် အခြေခံအဆောက်အအုံ Infrastructure စီမံကိန်းတွေကို ငွေကြေးချေးငှားမယ့် BRICS ဦးဆောင်တဲ့ ဖွံ့ဖြိုးရေးဘဏ်တခု ထူထောင်ရေးလည်း ပါဝင်ပါတယ်။