လိင်တူ ထိမ်းမြားခွင့် အမေရိကန် တရားရုံးချုပ်မှာ ကြားနာ စစ်ဆေး

Image caption လိင်တူချင်း လက်ထပ် ထိမ်းမြားခွင့် ရရေးအတွက် ထောက်ခံ တောင်းဆိုနေသူတွေ

အမေရိကန်နိုင်ငံမှာ လိင်တူ စုံတွဲတွေ လက်ထပ် ထိမ်းမြားခွင့် ထောက်ခံ တောင်းဆိုသူတွေ လျှောက်ထားလာတဲ့ အမှုတွဲ နှစ်ခုထဲက ပထမ အမှုတွဲကို အမေရိကန် တရားရုံးချုပ်က ကြားနာ စစ်ဆေးနေပြီ ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှာ လိင်တူအချင်းချင်း လက်ထပ်ထိမ်းမြားခွင့် တားမြစ်ထားမှုကို ၁၉၆၀ ခုနှစ်တွေတုန်းက တရားရုံးက ပယ်ဖျက်ခဲ့တဲ့ လူမျိုးအချင်းချင်း လက်ထပ်ထိမ်းမြားခွင့်နဲ့ နှိုင်းယှဉ်ပြီး သူတို့ရဲ့ အမှုလိုက်ရှေ့နေအဖွဲ့က တင်ပြသွားခဲ့ပါတယ်။

တရားရုံးချုပ် တရားသူကြီးတွေထဲက တဦးကတော့ ဒီအမှုတွဲနဲ့ ပတ်သက်လို့ သူ့အနေနဲ့ လက်မခံကြောင်း ထုတ်ပြောခဲ့ပြီး ဒီအမှုဟာ တရားရုံးအထိ ရောက်လာသင့်သလား လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

လပေါင်း အတော်ကြာတဲ့အထိ တရားရုံးချုပ်က ဆုံးဖြတ်ချက် ချမယ့်ပုံမျိုး မရှိပါဘူး။

ဒါပေမယ့်လည်း တရားရုံးအနေနဲ့ တဘက်ဘက်ကို ပြတ်ပြတ်သားသား အနိုင်ပေး ဆုံးဖြတ်ချက်ချမယ့်ပုံမျိုး မတွေ့ရဘူးလို့ ဝါရှင်တန်မြို့မှာရှိတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။