စစ်ရာဇဝတ်မှုနဲ့ ဆာ့ဘ် အရာရှိ နှစ်ယောက် ပြစ်ဒဏ် စီရင်ခံရ

Image caption စစ်ရာဇဝတ်မှုနဲ့ စီရင်ခံ ရသူ အဆင့်မြင့် အရာရှိ နှစ်ယောက်

၁၉၉၀ ခုနှစ် အစောပိုင်းတွေ တုန်းက ဘော့စနီးယား စစ်ပွဲ အတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စု အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ဘော့စနီးယား ဆာ့ဘ် ထိပ်တန်း အရာရှိ နှစ်ယောက်ကို သည်ဟိတ်ခ်မြို့က ယူဂိုဇလပ် စစ်ရာဇဝတ် တရားရုံးက စီရင်ချက် ချမှတ်လိုက်ပါတယ်။

ဘော့စနီးယား ဆာ့ဗ် သမ္မတ နိုင်ငံ အဝေးရောက် နယ်မြေ ဆိုင်ရာ ပြည်ထဲရေး ဝန်ကြီး Mico Stanisic နဲ့ ထိပ်တန်း ထောက်လှမ်းရေး အရာရှိ ဖြစ်တဲ့ Stojan Zupljanin တို့ကို ထောင် ၂၂ နှစ်စီ ပြစ်ဒဏ် ချမှတ်ခဲ့ ပါတယ်။

ဆာ့ဘ် နိုင်ငံ ထူထောင်နိုင်အောင် အဲဒီ ဒေသမှာ ရှိနေတဲ့ မွတ်ဆလင်တွေနဲ့ ခရိုအက်စ် တွေကို မောင်းထုတ်တယ် ဆိုတဲ့ စွပ်စွဲချက် အပါအဝင် လူသတ်မှု ၊ ညှင်းပမ်း နှိပ်စက်မှုနဲ့ လိင်ပိုင်း ဆိုင်ရာ အဓမ္မ ပြုကျင့်မှုတွေ ကျူးလွန်ခဲ့တဲ့ အတွက် အပြစ်ရှိကြောင်း တရားရုံးက စီရင်ချက် ချခဲ့တာ ဖြစ်ပါတယ်။