ဝိဂါလူမျိုး ၂၀ ကို ထောက်ဒဏ် တသက်ချမှတ်

  • 27 မတ် 2013
uighur
Image caption ဆန္ဒပြနေကြတဲ့ ပြည်ပရောက် ဝိဂါ လူမျိုးများ

တရုတ် နိုင်ငံမှာတော့ ဝိဂါ လူမျိုး ၂၀ ကို တရုတ်ပြည် မြောက်ပိုင်းမှာ ရှိတဲ့ ရှင်ဂျင်း ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အဓိကရုဏ်း တွေ၊ အကြမ်းဖက်မှု တွေနဲ့ ပတ်သက်ပြီး ထောင်ဒဏ် တသက် ချလိုက်ပါတယ်။

သူတို့တွေဟာ တရုတ် အစိုးရက မတရားအသင်း ကြေညာထားတဲ့ အရှေ့ တာကစ္စတန် အစ္စလာမ်မစ် လှုပ်ရှားမှု အဖွဲ့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တွေကို ဖြန့်ဖြူးခဲ့တယ်လို့ လည်း စွပ်စွဲထားတဲ့ အကြောင်း ဒေသတွင်း မီဒီယာတွေက ပြောပါတယ်။

ဒါဟာ မွတ်စလင် တွေအများအပြား နေထိုင်တဲ့အဲဒီ ဒေသတွင်းမှာ တရုတ် အစိုးရရဲ့ ဖိနှိပ် မှုတွေ ရှိနေတာကို ပြသလိုက်တာပဲ ဖြစ်တယ်လို့ ပြည်ပရောက် ဝိဂါ လှုပ်ရှားမှု အဖွဲ့က ပြောပါတယ်။

ဒီပြစ်ဒဏ် ချမှတ် ခံရသူတွေဟာ နိုင်ငံခြားက လွှင့်ထုတ်တဲ့ ရေဒီယို သတင်းတွေကို နားထောင်တာနဲ့ ဗီဒီယို သတင်းအပိုင်းအစ တွေကို ဖြန့်ပေးမှုတွေကြောင့် အခုလို ပြစ်ဒဏ် ချမှတ်ခံရတာ ဖြစ်တယ်လို့ အဲဒီ အဖွဲ့က ပြောပါတယ်။