ဆိုက်ပရပ်စ် ဘဏ်အကြီးအကဲကို တာဝန်က ရပ်စဲ

  • 27 မတ် 2013
cyprus
Image caption အမှုဆောင် အရာရှိချုပ်ကို တာဝန်က ရပ်လိုက်တဲ့ ဆိုက်ပရပ်စ် ဗဟိုဘဏ်

ဆိုက်ပရပ်စ် မှာတော့ ဗဟိုဘဏ်က သူ့ရဲ့ အမှုဆောင် အရာရှိချုပ် ယန်နစ္စ ကစ်ပရီ ကို တာဝန်ကနေ ရပ်စဲ ပစ်လိုက်ပါတယ်။

ဒါကတော့ ဥရောပ သမဂ္ဂ၊ ဥရောပ ဗဟိုဘဏ်နဲ့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့တို့ရဲ့ ငွေကြေး ကူညီမှု သဘော တူညီချက်မှာ ညွှန်ကြား ထားချက် အရ အခုလို လုပ်ရတာ ဖြစ်တယ်လို့ ဆိုက်ပရပ်စ် သတင်းဌာနက ပြောပါတယ်။

ဆိုက်ပရပ်စ် ဗဟိုဘဏ် ဥက္ကဌ က နုတ်ထွက်စာ တင်သွား ခဲ့ပြီး နောက်တနေ့မှာ အခုလို အမှုဆောင် အရာရှိချုပ်ကို တာဝန်ကနေ ရပ်စဲတာ ဖြစ်ပါတယ်။

ဒီ ဘဏ်ဥက္ကဌရဲ့ နုတ်ထွက်စာကိုတော့ လက်မခံသေးဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ