ထိုင်းတောင်ပိုင်းခွဲထွက်ရေးအဖွဲ့နဲ့ ထိုင်းအစိုးရ ဆွေးနွေး

  • 28 မတ် 2013
Image caption ဆွေးနွေးနေစဉ်မှာဘဲ ထိုင်းတောင်ပိုင်းမှာ ဒီကနေ့ ဗုံးဖေါက်ခွဲမှုဖြစ်

ထိုင်းတောင်ပိုင်းမှာ နယ်မြေခွဲထွက်ရေးအတွက် ဆူပူတွေပြုလုပ်နေတဲ့ အဖွဲ့တစ်ဖွဲ့နဲ့ ထိုင်းအစိုးရတို့ မလေးရှားနိုင်ငံ ကွာလာလန်ပူ မြို့မှာ ဒီကနေ့ ဆွေးနွေးနေကြပါတယ်။

ထိုင်းလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးဖါးရာ့ဒေါန်း ဖတ်ထနာ့ထာဘွတ် ဦးဆောင်တဲ့အဖွဲ့နဲ့ Barisan Revolusi Nasional ဘီအာအဲန် ကိုယ်စားလှယ် ဟာဆမ် တောယစ် ဦးဆောင်အဖွဲ့တို့ဆွေးနွေးကြတာဖြစ်တယ်။

ဆူပူမှုတွေရပ်ဆိုင်းအောင် အောက်ခြေအဆင့်အထိ ညွှန်ကြားနိုင်ဖို့ အချိန်ဘယ်လောက်ကြာမလဲ၊ ဆွေးနွေးပွဲတွေ အောင်မြင်အောင် ဘယ်လောက်ကြာမလဲ စတာတွေကို အရင်ဆွေးနွေး အဖြေရှာရမယ်လို့ ထိုင်းလုံခြုံရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဖားရဒေါန်း က သတင်းထောက်တွေကိုပြောပါတယ်။

ဒီကနေ့မှာ ထိုင်းအစိုးရနဲ့ နယ်မြေခွဲထွက်ရေး လှုပ်ရှားနေတဲ့ ဘီအာအဲန်တို့ ဆွေးနွေးနေတဲ့အချိန်မှာဘဲ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဗုံးဖေါက်ခွဲမှုလုပ်ခဲ့လို့ ထိုင်းစစ်သား ၃ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရသွားပါတယ်။

ထိုင်းတောင်ပိုင်းမှာ အစ္စလာမ်ဘာသာဝင်တွေ အများစုနေထိုင်တာဖြစ်ပြီး အဲ့ဒီဒေသကို အထူးအုပ်ချုပ်ရေးနယ်မြေသတ်မှတ်ရေးအတွက် တောင်းဆိုမှုတွေ ရှိနေပေမယ့် ထိုင်းအစိုးရက ဆုံးဖြတ်ချက်တော့ မချသေးပါဘူး။

ထိုင်းတောင်ပိုင်း ခရိုင် ၃ ခုမှာ ဆူပူတွေပြင်းထန်လာတာ ၉ ကျော်ပြီဖြစ်ပါတယ်။