ဆိုက်ပရပ်စ် နိုင်ငံရေး သမားတွေကို ကြွေးလျော်ပေး

  • 29 မတ် 2013
Image caption ပါလီမန်ထဲက နိုင်ငံရေး သမားတွေကို လူထု ဆန္ဒပြ

ဆိုက်ပရပ်စ် ဘဏ္ဍာရေး အကြပ်အတည်း ကျနေချိန်မှာ ဘဏ်တွေက သူတို့ အကြွေးတွေကို လျှော်ပေးလိုက်တယ် ဆိုတဲ့ နိုင်ငံရေး သမားတွေရဲ့ အမည်စာရင်းကို ဂရိ နိုင်ငံက မီဒီယာတွေက ဖော်ထုတ် ရေးသားခဲ့ ကြပါတယ်။ ဆိုက်ပရပ်စ်ရဲ့ အကြီးဆုံး ပါတီ တချို့က နိုင်ငံရေး သမားတွေ ၊ ဒေသ ဆိုင်ရာ အာဏာပိုင်တွေနဲ့ ကုမ္ပဏီ တော်တော်များများရဲ့ သန်းနဲ့ချီတဲ့ ယူရို အကြွေးတွေကို Bank of Cyprus လိုင်ခီနဲ့ ဟယ်လန်နစ်ခ် ဘဏ်တို့က လျှော်ပစ်လိုက်ကြတယ်လို့ ဆိုပါတယ်။

အဲဒီ ကြွေးလျှော်ပစ်ခံရသူတွေရဲ့ စာရင်းကို ပါလီမန် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဆီကို အပ်လိုက်ပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်နေပြီ လို့လည်း သိရပါတယ်။

ဥရောပ သမဂ္ဂရဲ့ ဘဏ္ဍာရေး ကယ်တင် ကူညီငွေ ရယူနိုင်ဖို့ အတွက် Bank of Cyprusနဲ့ လိုင်ခီ ဘဏ်တို့မှာ ယူရို တသိန်းကျော် ငွေအပ်ထားတဲ့ သူတွေ အပေါ် စည်းကြပ်တဲ့ အခွန် ကောက်ခံတော့မှာ ဖြစ်ပြီး ငွေအပ်ထားသူတွေ အနေနဲ့ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရတာ ဖြစ်ပါတယ်။