ကိုရီးယားအရေး ထိန်းသိမ်းကြဖို့ တိုက်တွန်း

  • 29 မတ် 2013
Image caption ကက်ဂျုံအန်း ကနေ တာဝေးပစ် မစ်ဇိုင်း တွေကို အသင့် အနေ အထား ထားရှိဖို့ အမိန့် ပေးခဲ့

ကိုရီးယား ကျွန်းစွယ်မှာ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်လာ နိုင်ချေ ရှိနေတဲ့ အတွက် သက်ဆိုင်သူ အားလုံး အနေနဲ့ အဲဒီလို မဖြစ် ရအောင် ရှောင်ရှား ကြဖို့ကို တရုတ်နဲ့ ရုရှား နိုင်ငံ တို့က တိုက်တွန်း လိုက်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကက်ဂျုံအန်း ကနေ တာဝေးပစ် မစ်ဇိုင်း တွေကို အသင့် အနေ အထား ထားရှိဖို့ အမိန့် ပေးလိုက်တဲ့ အတွက် အမေရိကန် အခြေစိုက် စခန်း တွေကို တိုက်ခိုက် နိုင်ချေ ရှိပြီး၊ အမေရိကန် ဘက်ကလည်း B 2 ဗုံးကြဲ လေယာဉ် တွေကို တောင်ကိုရီးယား နိုင်ငံ ပေါ်မှာ လေ့ကျင့် ပျံသန်း နေတာကြောင့် တရုတ်နဲ့ ရုရှားတို့ ကနေ အားလုံး အနေနဲ့ အေးအေး ဆေးဆေး ရှိကြ ဖို့ကို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား ကတော့ အမေရိကန်နဲ့ တောင်ကိုရီးယား တို့ရဲ့ စစ်ရေး လေ့ကျင့် မှုတွေနဲ့ ကုလသမဂ္ဂ ကနေ အရေး ယူမှုတွေ ထပ်လုပ် ခဲ့တဲ့ အပေါ်၊ တုံ့ပြန် တိုက်ခိုက် မှုတွေ လုပ်မယ်လို့ ခြိမ်းခြောက် နေခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ် မှာတော့ အတိုင်း အတာ ကြီးမားတဲ့ စစ်ပွဲကြီး တခု ဒါမှမဟုတ် နျူကလီးယား တိုက်ခိုက်မှုကြီး တခု ဖြစ်လာမယ့် အန္တရာယ်မျိုး မတွေ့ရ သေးပါဘူး။ ဒါပေမယ့် ဒီအတိုင်း ဆက်သွား နေမယ် ဆိုရင်တော့ အတွက် အချက် မှားသွားမယ့် အန္တရာယ်မျိုး ရှိနေပါတယ်။

အကြောင်းက မြောက်ကိုးရီးယား အစိုးရ အနေနဲ့ ပြည်တွင်းမှာ သူ့ရဲ့ သြဇာ အာဏာ တောင့်တင်း လာဖို့ အတွက်က တကြောင်း၊ အရင် အမေရိကန် သမ္မတ ကလင်တန် လက်ထက် တုန်းက မြောက်ကိုးရီးယားရဲ့ ခြိမ်းခြောက် ပြောဆို မှုတွေကြောင့် အမေရိကန် စစ်ရေး လေ့ကျင့် မှုတွေကို ပြန်ရုပ် သိမ်းခဲ့ သလိုမျိုး ပြန်ရုပ် သိမ်းပေး ဖို့ မျှော်လင့် နေတာက တကြောင်း တို့ကြောင့် မြောက်ကိုးရီးယား အစိုးရက အခုလို ခြိမ်းခြောက် မှုတွေ ထုတ်ပြန်ဖို့ နည်းလမ်း သစ်တွေ ဆက်ရှာ နေမှာပါ။

တချိန်တည်းမှာပဲ အနောက် အုပ်စု နိုင်ငံတွေ ကတော့ ဒီခြိမ်းခြောက်မှု တွေဟာ ဖြီးလုံး ဖြန်းလုံး တွေပဲ ဆိုပြီး ကိုးရီးယား ကျွန်းဆွယ်မှာ စစ်ရေး လေ့ကျင့်မှုတွေ ၊ B 2 လေယာဉ် လေ့ကျင့် ပျံသန်း မှုတွေ ဆက်လုပ် နေမှာ ဖြစ်ပါတယ်။

အမေရိကန် တို့ဘက်က ရန်စ လာမယ် ဆိုရင် မြောက်ကိုးရီးယား ပြည်သူ့ တပ်မတော် အနေနဲ့ အမေရိကန် ပြည်ထောင်စုကိုရော၊ တောင်ကိုးရီးယား နိုင်ငံ တွေမှာ ရှိနေတဲ့ အမေရိကန် စစ်စခန်း တွေကိုပါ ရက်ရက် စက်စက် တိုက်ခိုက် ပစ်မယ်ဆိုပြီး ကင်ဂျုံအန်းက ရာဇသံ ပေးသွား တယ်လို့ ဆိုပါတယ်။

အမေရိကန် အစိုးရ ဘက်က ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာတော့ မြောက်ကိုးရီးယားရဲ့ ရန်စ ခြိမ်းခြောက် မှုတွေနဲ့ ပတ်သက်လို့ သူတို့ ဘက်က အလေး အနက် ထား သုံးသပ် နေပြီး တပြေးညီ တုံ့ပြန် ဆောင်ရွက် သွားမယ်လို့ ဖေါ်ပြထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ