အီစတာပွဲတော် ပုပ်ရဟန်းမင်းကြီး ဦးဆောင်ကျင်းပ

  • 30 မတ် 2013
နှိမ့်ချမှုကိုပြသတဲ့ ပုပ်ရဟန်းမင်းကြီး
Image caption နှိမ့်ချမှုကိုပြသတဲ့ ပုပ်ရဟန်းမင်းကြီး

ယေရှု ခရစ်တော်ကို ကားစင်တင် သတ်ဖြစ်တဲ့ အောက်မေ့ဘွယ် အခမ်း အနားကို ရောမမှာ ရှိတဲ့ ကိုလိုစီယမ် ရှေးဟောင်း အဆောက် အအုံကြီးမှာ Easter Friday က ပြုလုပ်ခဲ့ ပါတယ်။ ဒီနေရာမှာ ရှေးခေတ်က ခရစ်ယာန် ဘာသာဝင်တွေ အများ အပြား အသတ်ခံ ရတဲ့ နေရာလို့ အများစုက ယုံကြည်ကြ ပါတယ်။

အီစတာ ပွဲတော် ဆင်နွှဲဘို့ ကမ္ဘာ အရပ်ရပ်က ဘုရားဖူးတွေ ရောမမှာ စုဝေး နေကြပြီး တနင်္ဂနေ့မှာ စိန့်ပီတာ ရင်ပြင်မှာ ဝတ်ပြုပြီး အဆုံးသတ် မှာပါ။ ခရစ်တော်ရဲ့ နောက်ဆုံး ခရီး ပြန်သရုပ်ဖေါ်ရာမှာ ရဟန်းမင်းကြီးသစ် ဖရန်စစ် ကိုယ်တိုင် လက်ဝါး ကပ်တိုင်ကို ထမ်းခဲ့ ပါတယ်။ အရှေ့ အလယ်ပိုင်း ငြိမ်းချမ်းရေး ရဖို့ လက်ဘနွန်က ခရစ်ယာန် လူငယ်တွေ ကိုယ်တိုင် ရေးသား ဆုတောင်းခဲ့ ပါတယ်။ အရှေ့ အလယ်ပိုင်းက လူနည်းစု ခရစ်ယာန်တွေ အတွက် ဗာတီကန် နန်းတော်က စိုးရိမ်ပူပန် နေကြပါတယ်။

ခရစ်တော်ကို ကားစင် တင်တဲ့ အစီ အစဉ်မှာ တရုတ် ဘရာဇီး နိုင်ဂျီးရီးယားက လူငယ်တွေလည်း ပါဝင်ခဲ့ပါတယ်။ စောစောပိုင်း ဝတ်ပြုပွဲ မှာတော့ ပုပ်ရဟန်းမင်းကြီး ဟာ စိန့်ပီတာ ကျောင်းတော်မှာ နှိမ့်ချတဲ့ အနေနဲ့ လူတွေရဲ့ ခြေထောက်တွေကို ဆေးကြော ပေးပြီး ဝတ်ပြု ဆုတောင်းခဲ့ ပါတယ်။

ဥရောပတိုက် ပြင်ပက ရာစု နှစ်ပေါင်း များစွာ အတွင်း ပထမဆုံး ရဟန်းမင်းကြီးဟာ အီစတာ ဆန်းဒေး ကျရင် ရောမနဲ့ ကမ္ဘာကို ပထမဆုံး အရေးကြီးတဲ့ ဘာသာရေး သတင်း စကား ဟောကြား မှာဖြစ်တယ်လို့ ရောမရှိ ဘီဘီစီ သတင်းထောက် ဒေးဗစ်ဝီလီက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ