ဆိုက်ပရပ်စ် ဘဏ်ငွေစုသူတွေ မှန်းတာထက် ပိုဖြတ်ခံရမယ်

  • 31 မတ် 2013
cyprus
Image caption ဆိုက်ပရပ်စ် ဘဏ်မှာငွေစုသူတွေ ပိုအဖြတ်ခံရဖွယ်ရှိနေ

ဆိုက်ပရပ်စ် နိုင်ငံကို ဥရောပ ဘဏ်ရဲ့ ဘဏ္ဍာရေး အကူအညီ ပေးမှု သဘောတူညီ ချက်တွေ အရ ဆိုက်ပရပ်စ် ဗဟိုဘဏ် ကြီးမှာ ငွေအများအပြား စုဆောင်း ထားသူ တွေဟာ သူတို့ စုဆောင်းငွေရဲ့ ၆၀ ရာခိုင်နှုန်းလောက် အဖြတ် ခံသွားရဖို့ ရှိနေပါတယ်။

ဆိုက်ပရပ်စ် ဗဟိုဘဏ်က ဒီပမာဏဟာ အရင်က မှန်းထားတာထက် ပိုပြီး များနေတယ်လို့ အတည်ပြု ပြောကြားပါတယ်။

ဘဏ်မှာ ယူရိုငွေ ၁ သိန်း နဲ့ အထက် စုဆောင်း ထားကြ သူတွေဟာ သူတို့ စုငွေရဲ့ ၃၇ ရာခိုင်နှုန်းကို ပယ်ဖျက်ခံရမှာ ဖြစ်ပါတယ်။

အဲဒီနောက်ကျန်ငွေ ထဲက ၂၂ ဒဿမ ၅ ရာခိုင်နှုန်း ကိုတော့ အတိုးမပေးဘဲ ဘဏ်က ကိုင်ထားမှာ ဖြစ်ပြီး နောက်ပိုင်းမှာလည်း အဲဒီ ပမာဏကို ပယ်ဖျက် ကောင်းပယ်ဖျက် သွားဖွယ် ရှိနေပါတယ်။

ကျန်နေတဲ့ ငွေတွေ အတွက် ရမယ့် အတိုးကို ဘဏ်တွေ ပုံမှန် အတိုင်း ပြန်လည် လည်ပတ် နိုင်မှသာ ပေးသွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ