ပုပ်ရဟန်းမင်းကြီး အီစတာတရား ဟောကြား

  • 31 မတ် 2013
Image caption ကိုရီးယား ကျွန်းဆွယ် ကိစ္စကို သံတမန် ရေးအရ အဖြေရှာဖို့ ပုပ်ရဟန်းမင်း မေတ္တာရပ်ခံ

ပုပ်ရဟန်း မင်းကြီး ဖရန်စစ်ဟာ ''ရောမမြို့ မှသည် တကမ္ဘာလုံး ဆီသို့'' လို့ အဓိပ္ပါယ် ရတဲ့ သူ့ရဲ့ ပထမဆုံး အီစတာ ပွဲတော် တရားကို ဟောကြား ရာမှာ ကမ္ဘာ တဝန်း ငြိမ်းချမ်းရေး ကို ဆောင်ကျဉ်း ကြဖို့ ပန်ကြား လိုက်ပါတယ်။

ရောမမြို့ စိန့်ပီတာ ရင်ပြင်မှာ ဟော်ကြားတဲ့ ဒီတရား တော်မှာ အကြောင်း အရာ ကျယ်ပြန့်စွာ ပါဝင်ပြီး လူပေါင်း သောင်းနဲ့ချီ တက်ရောက် နားယူ ခဲ့ကြ ပါတယ်။

ရိုမန်ကသလစ် သာသနာပိုင် အသစ် ဖြစ်တဲ့ ပုပ်ဖရန်စစ်က မကြာသေးခင် ရက်ပိုင်းတွေ အတွင်း တင်းမာမှုတွေ တိုးပွား လာနေတဲ့ ကိုရီးယား ကျွန်းဆွယ် ကိစ္စကို သံတမန် ရေးအရ အဖြေရှာဖို့ မေတ္တာရပ်ခံ လိုက်ပါတယ်။

အရှေ့ အလယ်ပိုင်းနဲ့ အာရိက တို့က အကွဲကွဲ အပြားပြားသော ပဋိပက္ခ တွေ အကြောင်း ကိုလည်း ပုပ်ရဟန်း မင်းကြီးက ထည့်သွင်း ပြောကြား သွားပါတယ်။

လူကုန်ကူး မှုတွေ၊ တရား မဝင် မူးယစ် ဆေးဝါး ကုန်သွယ်မှု တွေနဲ့ ဆက်စပ် ဖြစ်ပေါ် နေတဲ့ အကြမ်းဖက်မှု၊ နောက်ပြီး သဘာဝ အရင်း အမြစ်တွေကို မတရား အမြတ်ထုတ် နေတာတွေ အပေါ် ဆန့်ကျင် ကြောင်းကိုလည်း ပုပ်ရဟန်းမင်းကြီး က ပွင့်ပွင့် လင်းလင်း ပြောကြားလိုက် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ