မန်ဒဲလားအတွက် တောင်အာဖရိကတလွှား ဆုတောင်း

  • 31 မတ် 2013
Image caption မစ္စတာ မန်ဒဲလား အတွက် စိုးရိမ်မှုတွေ ကတော့ ပြည်သူတွေ အကြား ဆက်ရှိနေ

တောင်အာဖရိက နိုင်ငံ တလွှားမှာ ရှိတဲ့ ခရစ်ယာန် ဘုရားကျောင်း တွေမှာ သမ္မတ ဟောင်း နယ်လ်ဆင် မန်ဒဲလား အတွက် ဆုတောင်း မှုတွေ ပြုလုပ် နေကြ ပါတယ်။

တချိန် တခါတုန်းက အသား အရောင် ခွဲခြားမှုကို ဆန့်ကျင် တိုက်ပွဲဝင် ခဲ့တဲ့ စဝက်တို မြို့က ရဂျီးနာ မွန်ဒီ ဘုရား ကျောင်းမှာလည်း ရာပေါင်း များစွာ သော ပြည်သူ တွေဟာ လာရောက် စုရုံး ကြပြီး မစ္စတာ မန်ဒဲလား အတွက် ဆုတောင်း ပေးခဲ့ကြ ပါတယ်။

အသက် ၉၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မစ္စတာ မန်ဒဲလားဟာ အဆုတ်ရောင် ရောဂါကြောင့် လေးရက်မြောက် အဖြစ် ဆေးရုံမှာ ဆေးကုသမှု ဆက်လက် ခံယူ နေရ ပါတယ်။

၃၀ ရက်နေ့ ကတော့ သမ္မတရုံး ပြောခွင့်ရ သူက မစ္စတာ မန်ဒဲလားဟာ အခက် အခဲ မရှိ အသက်ရှူ နိုင်ပြီ ဖြစ်ပြီး သက်တောင့် သက်သာ ရှိနေပြီလို့ ပြောပါတယ်။

ဒါပေမယ့်လည်း သူ့ အတွက် စိုးရိမ်မှုတွေ ကတော့ ပြည်သူတွေ အကြား ဆက်လက် ရှိနေ ကြဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ