မြောက်ကိုရီးယား အဏုမြူ တိုးမြှင့်မယ်

  • 1 ဧပြီ 2013
korea nuclear
Image caption ကောင်းကင်က မြင်ရတဲ့ မြောက်ကိုရီးယား အဏုမြူ စက်ရုံ

ကိုရီးယား ကျွန်းဆွယ် တင်းမာနေမှုတွေ ကြားကပဲ မြောက်ကိုရီးယားရဲ့ အဏုမြူ လက်နက် စီမံကိန်းကို အရှိန် တိုးမြှင့်ဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက တောင်းဆို လိုက်ပါတယ်။

အဏုမြူ စီမံကိန်းတွေ အဆင့်မြှင့်တင်ဖို့ ထိပ်တန်း ဆုံးဖြတ်ချက်တွေကို ချမှတ်ရတဲ့ အာဏာရ အလုပ်သမား ပါတီ ဗဟို ကော်မတီကို မစ္စတာ ကင်က ပြောကြား ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရ သတင်းစဉ်က ထုတ်ပြန်ခဲ့ပါတယ်။

လျှပ်စစ် ပြတ်တောက်မှုတွေ အတွက် အဆင်ပြေစေဖို့ အတွက် ကိုယ့်အားကိုယ်ကိုး အဏုမြူ စွမ်းအင် စက်ရုံမှာ ရေအားနဲ့ လည်ပတ်တဲ့ ဓာတ်ပေါင်းဖို တလုံး တည်ဆောက်ဖို့လဲ သူက ပြောကြား ခဲ့ပါတယ်။

ဂြိုဟ်တု လွှတ်တင်ရေး အဆင့်မြင့် နည်းပညာတွေ အပါအဝင် အာကာသ နည်းပညာ တိုးတက်ဖို့တွေ မြှင့်တင် ဆောင်ရွက်သွားဖို့လဲ မစ္စတာ ကင်က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ