စျေးချိုတဲ့ ပုံတူဆေးဝါးတွေအတွက် သမိုင်းဝင် ဆုံးဖြတ်ချက်

Image caption အိန္ဒိယ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်အပေါ် Novartis ဆေးကုမ္ပဏီ စိတ်ပျက်

ကင်ဆာရောဂါ ဆေး အမျိုးအစားသစ် တခု အတွက် မူပိုင်ခွင့်ကို ကာကွယ် စောင့်ရှောက် နိုင်ဖို့ Novartis ဆွစ်စ် ဆေးကုမ္ပဏီကြီးရဲ့ လျှောက်ထားတင်ပြလာမှုကို အိန္ဒိယ တရားရုံးချုပ်က ပယ်ချလိုက်ပါတယ်။

ဒါဟာ စျေးသက်သာတဲ့ ပုံတူ ဆေးဝါးတွေအတွက် သမိုင်းဝင် ဆုံးဖြတ်ချက်တခုလို့ ဆိုရမှာပါ။

Glivec လို့ ခေါ်တဲ့ အဲဒီ ကင်ဆာဆေးဟာ အရင် ထုတ်ခဲ့တဲ့ အမျိုးအစားနဲ့ ကွာခြားမှု သိပ်မရှိတဲ့အတွက် အိန္ဒိယ ဥပဒေအရ ဆေးသစ်အဖြစ် မူပိုင်ခွင့် မပေးနိုင်ဘူး ဆိုပြီး တရားသူကြီးက ဆုံးဖြတ်ခဲ့တာပါ။

ဒီစီရင်ချက်အပေါ် Novartis ဆေးကုမ္ပဏီက ဝေဖန် ရှုတ်ချလိုက်ပြီး ဒီစီရင်ချက်ကြောင့် အနာဂတ်မှာ ဆေးဝါးသစ် တီထွင် ဖေါ်ထုတ်မှုတွေကို ဟန့်တားရာ ရောက်သွားစေတယ်လို့ ပြောပါတယ်။

စျေးသက်သာတဲ့ ပုံတူ ဆေးတွေအတွက် လှုပ်ရှားတောင်းဆိုသူတွေကတော့ ဒီစီရင်ချက်ဟာ တီထွင်ထုတ်လုပ်ပြီးသား ဆေးဝါးတွေကို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စျေးသက်သက်သာသာနဲ့ ဝယ်ယူ သုံးစွဲနိုင်ခွင့်ကို အကာအကွယ် ပေးလိုက်တာပဲလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ