ဆူဒန် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေး

  • 1 ဧပြီ 2013
sudan
Image caption နိုင်ငံရေးပါတီ တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့ သမ္မတ ဘရှီးရား တောင်းဆို

ဆူဒန် သမ္မတ အိုမာ အယ်လ် ဘရှီးရား က နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ အမိန့်ထုတ် လိုက်ပါတယ်။

လွှတ်တော် သစ် ဖွင့်ပွဲမှာ မိန့်ခွန်းပေးရင်း ဒိပြင် နိုင်ငံရေးပါတီ တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့ သမ္မတ ဘရှီးရားက တောင်းဆို ခဲ့ပါတယ်။

အရင်ပတ် ကပဲ ဒုသမ္မတက အခြေခံ ဥပဒေသစ် ရေးဆွဲရေး အတွက် ဆွေးနွေး ကြဖို့ တောင်ပိုင်း ကော်ဒိုဖန် နယ်နဲ့ နိုင်းမြစ်ပြာ ဒေသတွေက သူပုန်တွေကို ဖိတ်ကြား ခဲ့ပေမယ့် ဖိတ်ခေါ်မှုကို ငြင်းပယ် ခဲ့ကြပါတယ်။

အကျဉ်းသား တွေထဲမှာ တောင်ပိုင်း ဆူဒန် အစိုးရကို ထောက်ခံသူတွေ ပါဝင်တယ်လို့ ယူဆကြပါတယ်။

ဒီလ စောစောပိုင်းမှာ ရေနံ ပြန်ထုတ်ဖို့ နှစ်နိုင်ငံ သဘောတူညီမှု ရပြီးနောက် ဆူဒန် နှစ်နိုင်ငံကြား တင်းမာမှုတွေ လျော့ကျသွားပြီလို့ သတင်းထောက်များက ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ