အာဖဂန် တိုက်ပွဲတွေအတွင်း လူ၅၀ကျော်သေဆုံး

  • 3 ဧပြီ 2013
ဖာရာပြည်နယ် တိုက်ပွဲအပြီးမြင်ကွင်း
Image caption ဖာရာပြည်နယ် တိုက်ပွဲအပြီးမြင်ကွင်း

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ဖက် ဖာရာပြည်နယ်မှာ စစ်သွေးကြွတွေနဲ့ လုံခြုံရေးတပ်တွေ အကြားပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် လူ၅၀ထက်မနည်း သေဆုံးပြီး ၉၀ကျော် ဒဏ်ရာရသွားပါတယ်။

အဲဒီထဲက အများစုဟာ အရပ်သား တွေဖြစ်ကြပါတယ်။ ပြည်နယ်မြို့တော်ရှိ တရားရုံးနဲ့ အစိုးရအဆောက်အအုံတွေကို စစ်သွေးကြွတွေက အဓိကတိုက်ကြတာ ဖြစ်ပါတယ်။

အချိန်ကြာမြင့်တဲ့ တိုက်ပွဲမစမီ အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုတွေအတွင်း ဘဏ်နဲ့ လူစည်ကားတဲ့ စျေးတွေမှာပါ ပေါက်ကွဲခဲ့လို့ အခုလို ထိခိုက် သေကြေမှုများရတာ ဖြစ်ပါတယ်။

တာလီဘန် တိုက်ခိုက်ရေးသမားလို့ မသင်္ကာတဲ့လူတစုကို အမှုစစ်တဲ့ အချိန်နဲ့ချိန်ကိုက်ပြီး တိုက်ခိုက်တာဖြစ်ပါတယ်။ ဖာရာပြည်နယ်ဟာ အီရန်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိနေပြီး စစ်ရေးအကြမ်းဖက်မှုတွေ ဖြစ်လေ့ရှိတဲ့ နေရာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ