အာဂျင်တီးနား မိုးသည်း ရေကြီးလို့ လူ၄၆ယောက် သေဆုံး

  • 4 ဧပြီ 2013
Image caption ရေမြုပ်နေတဲ့ ဗျူနိုအေးရီးမြို့လယ် တနေရာ

အာဂျင်တီးနား နိုင်ငံ ဗျူနိုအေးရီး ပြည်နယ်မှာ မိုးသည်းသည်းထန်ထန် ရွာလို့ အနည်းဆုံး လူလေးဆယ့် ခြောက်ယောက် သေဆုံးသွားပါတယ်။

သေဆုံးသူတွေဟာ လာပလက်တာ မြို့က လူတွေ အများဆုံး ဖြစ်ပြီး ရေကျသွားတဲ့ အချိန်မှာ လူသေ အလောင်းတွေ ထပ်ပြီး တွေ့ရမယ်လို့ ဒေသန္တရ အရာရှိတွေက ပြောပါတယ်။

အခင်းဖြစ်တဲ့ နေရာကို သွားကြည့်ခဲ့တဲ့ သမ္မတ ခရစ်စတီးနား ဖာနန်ဒက်ဇ် ကတော့ မြို့ရဲ့ တချို့နေရာမှာ ခိုးဆိုး လုယက်မှုတွေ အတွက် စိုးရိမ်နေရတာကို သတိထားမိတယ် ဒါကြောင့် ရဲအရာရှိတွေ ထပ်ပြီး စေလွှတ်မယ်လို့ ဆိုပါတယ်။

အစောပိုင်း တုန်းကတော့ ဆယ်ဂဏန်းနဲ့ ချီတဲ့ လူတွေဟာ လမ်းပေါ်ထွက်ပြီး ကယ်ဆယ်ရေး အကူညီတွေ ပိုပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ဆူပါမားကတ်တွေလည်း လုယက်ခံရပြီး အာဂျင်တီးနားရဲ့မြို့တော် ဗျူနိုအေးရီး မှာလည်း မိုးသည်းတဲ့ဒဏ် ခံခဲ့ရတာကြောင့် အနည်းဆုံး လူငါးယောက် သေဆုံးတယ်လို့ သိရပါတယ်။