ကြင်ယာတော်ရဲ့ အလွဲသုံးစားမှုနဲ့ စပိန်မင်းသမီးကို ရုံးတော်က ဆင့်ခေါ်

  • 4 ဧပြီ 2013
စပိန် မင်းသမီးနဲ့ ကြင်ယာတော် Inaki Urdangarin

စပိန်နိုင်ငံမှာ တော်ဝင် မင်းသမီး ခရစ်စတီးနားရဲ့ ကြင်ယာတော်ဟာ အများပိုင်ငွေ ယူရို သန်းပေါင်းများစွာကို အလွဲသုံးစား လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အခုလကုန်ပိုင်းမှာ တရားရုံးကို လာရောက် ရင်ဆိုင်ဖို့ မင်းသမီးကို ဆင့်ခေါ် ခံထားရပါတယ်။

ခင်ပွန်းသည် ဖြစ်သူ Inaki Urdangarin ကနေ လူမှုရေး အဖွဲ့တခုကို အသုံးပြုပြီး ဦးဆောင်ကျင်းပတဲ့ အားကစားပွဲတွေမှာ ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့တွေဆီကနေ ငွေကြေး အမြောက်အမြား ကောက်ခံခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ မင်းသမီး ခရစ်စတီးနား ရဲ့ အခန်းကဏ္ဍကို စုံစမ်း မေးမြန်းမှာ ဖြစ်ပါတယ်။

မင်းသမီး ခရစ်စတင်းဟာ စပိန် ဘုရင် Juan Carlos ရဲ့ သမီး အငယ်ဆုံး ဖြစ်ပါတယ်။

မင်းသမီးရဲ့ ကြင်ယာတော် မစ္စတာ အူဒန်ဂါရင်း ကတော့ သူဘာမှ အမှား မလုပ်ခဲ့ဘူးလို့ ဆိုပြီး တရားစွဲဆိုမှုကို ငြင်းပယ်ခဲ့ပါတယ်။

စပိန် နန်းတော်ကတော့ ဒီသတင်းအပေါ် အံ့အားသင့်မိပေးမယ့် တရားရုံး ဆုံးဖြတ်ချက်ကို လေးစား လိုက်နာမယ်လို့ ဆိုပါတယ်။