သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး ဥပဒေ ကော်နက်တီကတ် အတည်ပြု

  • 4 ဧပြီ 2013
Image caption သေနတ် ကိုင်ဆောင်မှု ထိန်းချုပ်ရေး လုပ်နေတဲ့ အမေရိကန် သမ္မတ အိုဘားမား

အမေရိကန် ပြည်ထောင်စု ကော်နက်တီကတ် ပြည်နယ်မှာ သေနတ် ကိုင်ဆောင်မှု ထိန်းချုပ်ရေး အစီအစဉ်တွေ ချမှတ်ဖို့ ဥပဒေပြု အမတ်တွေ ဆွေးနွေး နေကြပါတယ်။

အခု ဆွေးနွေးနေတဲ့ ဥပဒေတွေကို အတည်ပြုနိုင်လိမ့်မယ်လို့ သူတို့က မျှော်လင့်နေကြပြီး အမေရိကန်မှာ အပြင်းထန်ဆုံး ဖြစ်တဲ့ တချို့ ဥပဒေတွေကိုတောင် စပြီး ပြဌာန်း ကျင့်သုံး နိုင်ဖို့ ကြိုးစား နေကြပါတယ်။

အဲဒီအထဲမှာ တိုက်ခိုက်ရေး လက်နက်တွေကို ကျယ်ကျယ်ပြန့်ပြန့် တားမြစ်ဖို့ အပါအဝင် ၊ ကော်နက်တီကတ် ပြည်နယ်က သေနတ်ပိုင်ရှင်တွေရဲ့ နောက်ခံအကြောင်းတွေကိုပါ ပိုပြီး စစ်ဆေး သွားဖို့ အစီအစဉ်တွေလည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ကော်နက်တီကတ် ပြည်နယ်က ကျောင်းတခုမှာ သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဒါဟာ အမေရိကန် သမိုင်းမှာ အဆိုးဝါးဆုံး ဖြစ်ပါတယ်။

ကော်လိုရာဒို ပြည်နယ်က ဒင်ဗာ ရဲသင်တန်းကျောင်းမှာ မိန့်ခွန်းပြောရာမှာ သမ္မတ အိုဘားမား က သေနတ် ကိုင်ဆောင်မှုတွေ ပိုမို ထိန်းချုပ် ကြဖို့ တွန်းအားပေး ပြောကြား ခဲ့ပါတယ်။

ကွန်ဂရက်ကတော့ ပစ်ခတ် တိုက်ခိုက်နိုင်တဲ့ လက်နက်ခဲယမ်း မီးကျောက် ရောင်းဝယ်မှု ထိန်းချုပ်ရေး စည်းမျဉ်းတွေကို တင်းကြပ်ဖို့ ငြင်းဆန် နေတာ ဖြစ်ပါတယ်။