တူရကီကို ဆီးရီးယား သမ္မတ အပြင်းအထန် ဝေဖန်

  • 5 ဧပြီ 2013
Image caption ဆီးရီးယား သမ္မတ ဘတ်ရှား အယ်လ် အာဆက်ဒ်

ဆီးရီးယား နိုင်ငံမှာ သူ့အစိုးရသာ ပြုတ်ကျသွားရင် ဆင့်ကဲ ဖြစ်ပွားမှုတွေကနေ ရှေ့လာမယ့် နှစ်တွေမှာ အရှေ့အလယ်ပိုင်း အရေးကို ထိခိုက်သွားစေလိမ့်မယ်လို့ သမ္မတ ဘတ်ရှားအယ်လ် အာဆက်ဒ်က ပြောပါတယ်။

တာကစ်ရှ် မီဒီယာနဲ့ တွေ့ဆုံ ဆွေးနွေးခန်းမှာ မစ္စတာ အာဆက်က ပြောကြားရာမှာ ဆီးရီးယား ပဋိပက္ခမှာ ပါဝင်နေတဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ အနေအထားကို ပြတ်ပြတ်သားသား သတိပေးလိုက်ပြီး သူ့အဆိုအရ ဆီးရီးယား နံဘေးပတ်လည် နိုင်ငံတွေက အကြမ်းဖက်သမားတွေကို အားပေးကူညီနေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့်တော့ အရင်တုန်းက နီးနီးစပ်စပ် ဆက်ဆံရေး ကောင်းခဲ့ကြတဲ့ မဟာမိတ် တူရကီ ဝန်ကြီးချုပ် Recep Tayyeb Erdogan ကို ထိုးနှက် ဝေဖန် လိုက်ပြီး ဆီးရီးယား နိုင်ငံမှာ သွေးချောင်းစီးမှု ဖြစ်ပေါ်အောင် လှုံဆော်ရာမှာ ပါဝင်ပတ်သတ်နေတယ်လို့ စွပ်စွဲ ပြောကြားလိုက်ပါတယ်။