Facebook ကနေ Software သစ်တခု မိတ်ဆက်

  • 5 ဧပြီ 2013
Image caption Facebook နေရာတကာမှာ တွင်တွင်ကျယ်ကျယ်သုံး

ဂူဂယ်ရဲ့ Android operating system ထဲမှာ အလိုအလျောက် ပါမယ့် ဆော့ဖ်ဝဲ အသစ်မျိုးကို လူမူကွန်ယက် တခု ဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်လိုက်ပြီး ဒီ Android operating system ကိုသုံးတဲ့ စမာ့ဖုန်းတွေကြား တွင်ကျယ်လာလိမ့်မယ်လို့ ယူဆရပါတယ်။

ဒီ ဆော့ဖ်ဝဲသစ် အရ ဖေ့စ်ဘွတ်ကို တခြား apps တွေလို တင်ယူရမယ့် အစား မိုဘိုင်းလ်ဖုန်းရဲ့ အမြဲမြင်နေရတဲ့ မျက်နှာစာမှာ ပုံသေ ဖော်ပြထားမှာ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ်ဟာ အရောင်းကျလာတဲ့ ကွန်ပြူတာတွေထက် တွင်ကျယ်လာတဲ့ စမာ့ထ်ဖုန်းနဲ့ တက်ဘလက် သုံးသူတွေကြား ထိုးဖောက် ဝင်ရောက်နိုင်ဖို့ ကြိုးစားတာ ဖြစ်တယ်လို့ သတင်းထောက်တွေက ဆိုနေကြပါတယ်။