ဂွမ်တာနာမို ပိတ်ဖို့ ပီလေး သတိပေး

  • 6 ဧပြီ 2013
Image caption ကုလ လူ့အခွင့်အရေး မင်းကြီး နာဗီ ပီလေး

ဂွမ်တာနာမိုက အကျဉ်းစခန်းကို ပိတ်ဖို့ အမေရိကန် အစိုးရရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးက ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အဆင့်မြင့် ကော်မရှင်နာမင်းကြီး နာဗီပီလေးက ပန်ကြားလိုက်ပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းက ဒီအကျဉ်းစခန်း ပိတ်ပါမယ် ဆိုတဲ့ သမ္မတ အိုဘားမားရဲ့ ဂတိကို ကြိုဆိုခဲ့ပေမယ့် အခုတော့ ဘာမှ တိုးတက်မှု မရှိတဲ့ အတွက် စိတ်ပျက်မိတယ်လို့ မစ္စပီလေးက ဆိုပါတယ်။

အဲဒီအကျဉ်းစခန်းမှာ ဖမ်းထားတဲ့သူ ၁၆ဝ ကျော် ရှိပြီး တချို့ဆိုရင် အဲဒီမှာ ဖမ်းချုပ်ခံထားရတာ ဆယ်စုနှစ် တခုကျော်နေပြီလို့ သိရပါတယ်။