မြောက်ကိုးရီးယားက တာလတ်ပစ်ဒုံး တပ်ဆင်လို့ ဆို

North Korea
Image caption မြောက်ကိုးရီးယား ခေါင်းဆောင် နဲ့ စစ်အရာရှိများ

မြောက်ကိုးရီးယား နိုင်ငံဟာ အမေရိကန်ကို တိုက်ခိုက် မယ်လို့ ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ပြီးနောက် အခုအခါ တာလတ်ပစ် မီဆိုင်းဒုံး ၂ ခုကို တပ်ဆင် ထားလိုက်ပြီလို့ တောင်ကိုးရီးယားက လာတဲ့ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

မီဆိုင်း ဒုံးတွေကို နိုင်ငံအရှေ့ပိုင်း ကမ်းခြေဆီကို ရထားနဲ့ သယ်ယူပြီး အဲဒီက ဒုံးပစ်စင်လို့ ယူဆရတဲ့ နေရာတစ်ခုကို ပို့ထားလိုက်ပြီလို့ ယုံဟတ် သတင်းက တောင်ကိုးရီးယား အဆင်မြင့် စစ်တပ် အရာရှိတစ်ဦးကို ကိုးကားပြီး ဖော်ပြထားပါတယ်။

ဒါပေမယ့် တောင်ကိုးရီးယား ကာကွယ်ရေး ဝန်ကြီး ဌာနဘက် ကတော့ ဒါကို အတည်ပြု ကြေညာတာ မရှိသေးပါဘူး။

တောင်ကိုးရီးယား ဘက်ကလည်း မီဆိုင်း ဒုံးလက်နက် ခြေရာခံနိုင်တဲ့ အဆင်မြင့် ဖျက်သင်္ဘော နှစ်စင်းကို နိုင်ငံ အရှေ့ဘက်နဲ့ အနောက်ဘက် ကမ်းလွန်မှာ နေရာချ ထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ