ရှန်ဟိုင်းမြို့ကို ကြက်ငှက်အရှင်တွေ တင်သွင်းမှု ပိတ်ပင်

  • 6 ဧပြီ 2013
Image caption ရှန်ဟိုင်း ဝန်းကျင်က ပြည်နယ် ၄ ခုမှာ ရောဂါရှင် တွေ ဖြန့်ကျက် တွေ့နေရ

တရုတ် နိုင်ငံ ရှန်ဟိုင်း မြို့က စျေးထဲမှာ ရောင်းတဲ့ ခိုတွေမှာ H7N9 ဗိုင်းရပ်စ်ပိုး တွေ့ရပြီးတဲ့နောက် ထောင်နဲ့ ချီတဲ့ ကြက်ငှက် တွေကို သုတ်သင် ပစ်ခဲ့ပြီး၊ မြို့ကို ကြက်ငှက် တင်သွင်း မှုလည်း ပိတ်ပင်ကာ၊ ရှန်ဟိုင်း မြို့သူ မြို့သား တွေရဲ့ ကြက်ဘဲ စားသုံးမှု တွေလဲ ရပ်ဆိုင်း ကုန်ပြီ ဖြစ်ပါတယ်။

လူ ၁၆ ယောက် လောက်မှာ ရောဂါ လက္ခဏာ တွေ တွေ့ရပြီး တဲ့နောက် အဲဒီ ထဲက လူ ၆ ယောက် သေဆုံး သွားပြီ ဖြစ်ပါတယ်။ နောက်ဆုံး သေဆုံးသူ ကတော့ Zhejiang က ၆၄ နှစ် အရွယ်ရှိ အမျိုးသား တယောက် ဖြစ်ပြီး သူ့ အနီး အနားက လူတွေကို ကူးစက်တဲ့ လက္ခဏာ မရှိဘူးလို့ အာဏာပိုင် တွေက ပြောပါ တယ်။

လူလူချင်း ကူးစက်တဲ့ လက္ခဏာ မတွေ့ရ သေးတာ ကတော့ အားတက် စရာ တချက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကြက်ငှက် တုပ်ကွေး ဗိုင်းရပ်စ် အမျိုး အစား ကြောင့် ငှက်တွေမှာ ဖျားတာ နာတာတွေ မတွေ့ ရတဲ့ အတွက် ရောဂါ ရင်းမြစ်ကို လိုက်ဖို့ အင်မတန် ခက်နေ ပြန် ပါတယ်။

တရုတ်ပြည် အရှေ့ပိုင်းက ရှန်ဟိုင်း ဝန်းကျင်က ပြည်နယ် ၄ ခုမှာ ရောဂါရှင်တွေ ဖြန့်ကျက် တွေ့နေရလို့ ရောဂါ ကူးစက်နှုန်း ပိုတိုး လာဖို့ ရှိနေပြီလို့ တရုတ် ကျန်းမာရေး အာဏာပိုင် တွေက တပ်လှန့် ထားနေပါတယ်။

ငှက်တုပ်ကွေးဟာ ခုထိတော့ ကူးစက် ကပ်ရောဂါကြီး အဆင့်ကို မရောက်သေး ပါဘူး။ အရင်က တရုတ် ပြည်မှာ ဒါမျိုး ဖြစ်လာရင် ဖုံးဖိ ဖြေရှင်း လေ့ ရှိလို့ ဆိုးဆိုး ရွားရွား အကျိုးဆက် တွေ ရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်က ဖြစ်ပွား ခဲ့တဲ့ SARS ဗိုင်းရပ်စ် ကူးစက် မှုကို ဖုံးဖိထား ခဲ့တဲ့ အတွက် လူ ထောင်နဲ့ချီ ကူးစက်ခဲ့ ပါတယ်။ ဒီတခါတော့ တရုတ် အာဏာပိုင် တွေက အတတ် နိုင်ဆုံး ပွင့်ပွင့် လင်းလင်း ဖြစ်အောင် ဆောင်ရွက် နေတယ်လို့ ပြောကြား နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ