အီရန်နျူကလီးယားအရေး ဆွေးနွေးပွဲ ပြီးဆုံး

iran
Image caption အီရန် နျူအရေး ဆွေးနွေးပွဲ သဘောတူညီမှု မရခဲ့

အီရန် နိုင်ငံရဲ့ နျူကလီးယား အစီအစဉ် တွေနဲ့ ပတ်သက်လို့ ကျင်းပခဲ့ကြတဲ့ ဆွေးနွေးပွဲဟာ ဘာသဘောတူညီချက်မှ မရဘဲ ပြီးဆုံး သွားခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီ ဆွေးနွေးပွဲကို ကာဇက်စတန် နိုင်ငံမှာ ၂ ရက်ကြာ ကျင်းပခဲ့တာ ဖြစ်ပြီး အီရန် နိုင်ငံနဲ့ ကမ္ဘာ့ အင်အားကြီး နိုင်ငံ ၆ ခုတို့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ခုထက်ထိတော့ ၂ ဘက်စလုံး သဘောတူညီဖို့က အလှမ်းကွာ နေသေးတဲ့ အကြောင်း ဥရောပ သမဂ္ဂရဲ့ မူဝါဒရေးရာ အကြီးအကဲ ဖြစ်တဲ့ ကက်သရင်း အက်ရှ်တန်က ပြောပါတယ်။

အီရန်ဘက်က စေ့စပ် ညှိုနှိုင်းရေး အကြီးအကဲ ဆာအိဒ် ဂျာလီလီကတော့ သူ့နိုင်ငံမှာလည်း ယူရေနီယံကို သန့်စင်နိုင်တဲ့ အခွင့်အရေး ရှိတဲ့အကြောင်း ဆိုပါတယ်။

ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ ကတော့ အီရန် နိုင်ငံကို ယူရေနီယံ သန့်စင်ရာကနေ နျူကလီးယား လက်နက်တွေ ထုတ်လုပ်တဲ့ အဆင့် အထိကို ရောက်မလာဖို့ အတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်စေချင်ကြပြီး အဲဒီလို လုပ်နိုင်ရင် အီရန် အပေါ်မှာ ပြဌာန်း ထားတဲ့ ပိတ်ဆို့မှု တွေကို ဖြေလျော့ ပေးမယ်လို့ ဆိုကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ