ကိုရီးယားအရေး စေ့စပ်ဖို့ တရုတ်ပြော

  • 6 ဧပြီ 2013
korea
Image caption တင်းမာနေတဲ့ ကိုရီးယား ကျွန်းစွယ်

ကိုရီးယား ကျွန်းစွယ် မှာ ဖြစ်နေတဲ့ တင်းမာ မှုတွေကို စေ့စပ် ဆွေးနွေးတဲ့ နည်းလမ်းနဲ့သာ ဖြေရှင်းသင့်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက ပြောလိုက်ပါတယ်။

မစ္စတာ ဝမ်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကိုလည်း တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး အဲဒီ အရေးအတွက် ဆွေးနွေး ခဲ့တယ်လို့ တရုတ် နိုင်ငံပိုင် မီဒီယာ တွေမှာ ဖော်ပြထားပါတယ်။

မစ္စတာ ဝမ်က ဒေသတွင်းမှာ ရန်စတဲ့ စကားလုံးတွေကို ဘယ်ဘက်ကပဲ သုံးသုံး ဘေကျင်းက ဆန့်ကျင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကတော့ တရုတ်ရဲ့ အိမ်နီးချင်း မြောက်ကိုရီးယား နိုင်ငံက စစ်ဖြစ်လာနိုင် နေလို့ သူ့ နိုင်ငံအတွင်းက သံရုံး တွေ အတွက် လုံခြုံရေးကို နောက်တပတ်က စလို့ အာမ မခံ နိုင်တော့ဘူးလို့ သတိပေး လာခဲ့အပြီးမှာ အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီက သံတမန် တွေကတော့ အဲဒီ မြောက်ကိုရီယား ရဲ့ သတိပေးချက်ကို လစ်လျူရှုထား ကြပါတယ်။ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာန ကလည်း ဒါဟာ ပြောနေကျ လေလုံးတခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ