ဘာသာရေးဥပဒေသစ် ဘင်္ဂလားဒေ့ရှ် ပယ်ချ

  • 8 ဧပြီ 2013
Bangladesh
Image caption ဘာသာရေး စော်ကားမှု တင်းကျပ်စွာ နှိပ်ကွပ်ဖို့ တောင်းဆို

အစ္စလာမ် ဘာသာကို စော်ကား ပုတ်ခတ်သူ တွေကို အရေးယူ အပြစ်ပေးနိုင်တဲ့ ဥပဒေသစ် ပြဋ္ဌာန်းဖို့ အစ္စလာမ် အုပ်စု တွေရဲ့ တောင်းဆို မှုကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ က ပယ်ချ ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ဘာသာရေး လွှမ်းမိုးမှု မရှိတဲ့ ဒီမိုကရေစီ နိုင်ငံ ဖြစ်လို့ ဘယ်ဘာသာမဆို လွတ်လပ် စွာ ကိုးကွယ်ခွင့် ရှိသလို ဘာသာရေး စော်ကားပုတ်ခတ်မှုတွေ အတွက်လဲ ရှိရင်းစွဲ ဥပဒေ တွေနဲ့ အပြစ်ပေးဖို့ လုံလောက်ပြီးသား ဖြစ်ကြောင်း ရှိတ်ဟာဆီနာက ဘီဘီစီကို ပြောကြား ခဲ့ပါတယ်။

ဘာသာရေး စော်ကား နှောင့်ယှက်မှုတွေ အတွက် ပိုမို တင်းကျပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ ဒက္ကာ မြို့တော်မှာ သိန်းနဲ့ချီတဲ့ လူတွေက ဆန္ဒပြ တောင်းဆိုခဲ့ ကြအပြီး ၂ ရက် အကြာမှာ ဟာဆီနာက ဒီလိုပြောကြား ခဲ့တာ ဖြစ်ပါတယ်။

တမန်တော် မိုဟာမက်နဲ့ အစ္စလာမ် ဘာသာကို စော်ကားမှု တွေကို သေဒဏ် အပါအဝင် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ အစ္စလာမ် အုပ်စု တွေကတောင်းဆို နေကြပါတယ်။

အမျိုးသား အမျိုးသမီး ရင်းနှီးစွာ ဆက်ဆံ ပြောဆိုမှုလို နိုင်ငံခြား ယဉ်ကျေးမှု အားလုံးကို ပိတ်ပင်ဖို့ လဲ ဒီအဖွဲ့တွေက တောင်းဆို ခဲ့ကြပါတယ်။

ဒီတောင်းဆိုမှုတွေဟာ နိုင်ငံနဲ့ လူမှု အသိုင်းအဝိုင်း အတွက် မဆီလျော်ဘူးဆိုပြီး ဝန်ကြီးချုပ် ဟာဆီနာက ပယ်ချ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ