ကိုင်ရိုမှာ ဆူပူ

  • 7 ဧပြီ 2013
cairo
Image caption ရဲက မျက်ရည်ယိုဗုံးနဲ့ လူစုခွဲ

သောကြာနေ့က ဘာသာရေး အဓိကရုဏ်းမှာ သေဆုံးခဲ့တဲ့ ကော့ပတစ် ခရစ်ယာန် ဘာသာဝင် ၄ ဦးရဲ့ အသုဘ ဝတ်ပြုဆုတောင်း အပြီးမှာပဲ အီဂျစ် နိုင်ငံ ကိုင်ရို မြို့တော်မှာ ဆူပူမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

လူတဦး သေဆုံးတယ်လို့ အာဏာပိုင် များက ထုတ်ပြန်ခဲ့ပြီး အနည်းဆုံး ၆၅ ယောက် ဒဏ်ရာ ရရှိကြောင်း သတင်းရရှိ ပါတယ်။

စိန့်မာ့က် ကသီဒြယ် ဘုရားကျောင်းက အထွက်မှာ အာဏာရ မွတ်ဆလင် ညီနောင်များ အဖွဲ့နဲ့ သမ္မတ မိုဟာမက် မော်စီကို ဆန့်ကျင် ဟစ်ကြွေး လာကြတဲ့ လိုက်ပါ ပို့ဆောင်သူများကို ကျောက်တုံးတွေနဲ့ ပစ်ပေါက်ခဲ့တယ်လို့ မျက်မြင် သက်သေများက ပြောကြား ကြပါတယ်။

သေနတ်သံတွေ ကြားရသလို ရဲက မျက်ရည်ယိုဗုံးနဲ့လဲ လူစုခွဲခဲ့ပါတယ်။

ဆူပူမှု ဖြစ်ပွားတာကို သမ္မတ မော်စီက ပြစ်တင်ရှုတ်ချ လိုက်ပြီး ဘုရားကျောင်းကို တိုက်ခိုက်ရန်စမှု မှန်သမျှ သူ့ကို ပုဂ္ဂိုလ်ရေး အရ တိုက်ခိုက်မှု သာပဲ ဖြစ်တယ်လို့လဲ ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ