ဥရောပ ကော်မရှင် ပေါ်တူဂီကို သတိပေး

  • 7 ဧပြီ 2013
portugal
Image caption ဖြတ်တောက်မှုတွေကြောင့် ဆန္ဒပြခံနေရ

နိုင်ငံတကာ ငွေကြေး အကူအညီ ရရှိဖို့ အတွက် လက်ခံပြီးသား အချက်တွေကို မချိုးဖောက်ဖို့ ဥရောပ ကော်မရှင်က ပေါ်တူဂီ နိုင်ငံကို သတိပေး လိုက်ပါတယ်။

နောက်ထပ် ဘဏ္ဍာငွေ အထောက်အပံတွေ ထပ်ရဖို့ အတွက် သဘောတူညီပြီးသား အစီအစဉ်တွေကို အရင်ဆုံး အကောင်အထည် ဖော်ရမှာ ဖြစ်တယ်လို့ ဥရောပ ကော်မရှင်က ထုတ်ပြန် ခဲ့ပါတယ်။

အစိုးရရဲ့ ချွေတာရေး အသုံးစရိတ် တချို့ကို အခြေခံ ဥပဒေ ခုံရုံးက ပယ်ချ လိုက်ပြီးနောက် ပေါ်တူဂီ ဝန်ကြီးချုပ် Pedro Passos Coelho က အသုံးစရိတ် ဖြတ်တောက်မှု အသစ်တွေ လုပ်ဖို့ ချပြခဲ့ပါတယ်။

ကျန်းမာရေး၊ လူမှု ဖူလုံရေးနဲ့ အစိုးရ လုပ်ငန်းဌာနတွေကို နောက်ထပ် အသုံးစရိတ် ဖြတ်တောက်မယ် ဆိုပြီး ပေါ်တူဂီ ဝန်ကြီးချုပ်က အခွန်တွေ တိုးမြှင့် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ