နှစ်နိုင်ငံစက်မှုဇုန်က လုပ်သားတွေကို ပြုံးယမ်း ပြန်ခေါ်

  • 8 ဧပြီ 2013
Image caption စက်မှုဇုန်က တောင်ကိုရီးယား စက်ရုံတွေမှာ မြောက် ကိုရီးယား အလုပ်သမား ၅ သောင်း လောက် အလုပ်လုပ်

မြောက်ကိုရီးယား တို့ဟာ ကယ်ဆောင်း စက်မှု ဇုန် ကနေ သူတို့ရဲ့ အလုပ် သမားတွေကို ပြန်လည် ခေါ်ယူ တော့မှာ ဖြစ်တယ်လို့ ကြေညာလိုက် ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ကနေ မြောက်ကိုရီးယားရဲ့ ဂုဏ်သိက္ခာကို စော်ကား နေပြီး၊ သူတို့ တတွေဟာ ဒီစက်မှုဇုန်ကို စစ်ပွဲ စ ဖြစ်မယ့် နေရာ အဖြစ် သတ်မှတ် ထားတာကြောင့် စက်မှုဇုန်ကို ပိတ်ပစ် တော့မှာ ဖြစ်တယ်လို့ မြောက်ကိုရီးယား ရုပ်သံ ကနေ ကြေညာသွား ပါတယ်။

ဒီစက်မှု ဇုန်ဟာ တောင်ကိုရီးယားနဲ့ နယ်ခြား အနီး မြောက်ဘက် ယွန်းယွန်းမှာ တည်ရှိပြီး၊ အဲဒီက တောင်ကိုရီးယား စက်ရုံတွေမှာ မြောက်ကိုရီးယား အလုပ် သမား ၅ သောင်း လောက် အလုပ် လုပ်နေ ကြတာ ဖြစ်ပါတယ်။

အဲဒီ စက်မှုဇုန် နေရာကို ဘယ်လောက် အချိန် အထိ ပိတ်ထား မယ်ဆို တာကတော့ ရှင်းရှင်း လင်းလင်း မသိရသေးပါ။

ကိုရီးယား ကျွန်းဆွယ်မှာ တင်းမှာမှုတွေ ဆက်လက် ဖြစ်ပွား နေတာကြောင့် ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က နျူကလီးယား ပဋိပက္ခမျိုး အထိ ဖြစ်နိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ ပြောပါတယ်။

အဲဒီလို ဖြစ်မယ် ဆိုရင် ၁၉၈၆ ခုနှစ်က ဥရောပမှာ ဖြစ်ခဲ့တဲ့ ချာနိုဘဲလ် နျူးကလီးယား ဓာတ်ပေါင်းဖို မတော် တဆ ပေါက်ကွဲလို့ အတိ ဒုက္ခ ဖြစ်ကြ ရတာထက် အမျာကြီး ပိုဆိုး နိုင်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ